ရုရှားအစိုးရအား ဝေဖန်သူ နာဗယ်ညီကို ထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ်

ရုရှားအစိုးရအား ဝေဖန်သူ အလက်ဇီနာဗယ်ညီကို မော်စကိုတရားရုံးက ထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ်လိုက်ပါတယ်။
ဖေဖော်ဝါရီ ၂ ရက် တရားရုံးစီရင်ချက်ကို နားထောင်ချိန်မှာ နာဗယ်ညီဟာ အသည်းပုံသဏ္ဌာန် လက်ဟန် အနေအထားကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။
နာဗယ်ညီအပေါ် စီရင်ချက်ကို ဇနီး ယူလီယာနဲ့ နာဗယ်ညီ ထောက်ခံသူ အများအပြား လာရောက် နားထောင်ကြပါတယ်။
မော်စကို တရားရုံးက နာဗယ်နီဟာ ခံဝန်ချုပ် စည်းကမ်းချက်တွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ ယူလီယာနဲ့ ထောက်ခံသူတွေက နာဗယ်ညီဟာ အဟောပိုင်းက နေအိမ်အကျယ်ချုပ် ကျခံထားရတာမို့ သူရဲ့ ထောင်ဒဏ်ကာလကို ဒီထက် လျှော့ချသင့်တယ်လို့ ပြောဆိုကြပါတယ်။
တရားရုံး ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ နာဗယ်ညီရဲ့ ရှေ့နေတွေက အယူခံဝင်သွားမယ်လို့ ပြောဆိုတာကို ရိုက်တာက တင်ပြပါတယ်။