Home
မြန်မာသတင်း
စစ်အစိုးရလက်အောက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ယန္တရားအားလုံးမှ CTUM နုတ်ထွက်
DVB
·
February 3, 2021

နောက်ကြောင်းပြန် အာဏာသိမ်းယူထားတဲ့ စစ်အစိုးရလက်အောက်ရှိ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ယန္တရားများအားလုံးကနေ နုတ်ထွက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM) က ဒီနေ့ ကြေညာပါတယ်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုသာ အသိအမှတ်ပြုပြီး အဲဒီရလဒ်နဲ့ဖွဲ့စည်းမယ့် အစိုးရသစ်ကိုသာ ကြိုဆိုကြောင်း၊ အာဏာသိမ်းနောက်ကြောင်းပြန်တဲ့ မည်သည့်လုပ်ရပ် ကြိုးစားမှုမျိုးကိုမဆို ဆန့်ကျင်တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြည်သူ့ဆန္ဒကို လျစ်လျူရှုပြီး စစ်အစိုးရက အာဏာကို မတရားသဖြင့် သိမ်းယူခဲ့တာကို အပြင်းအထန် ကန့်ကွက်ကြောင်း ဖော်ပြထားပါတယ်။

စစ်အစိုးရအဆက်ဆက် အလုပ်သမားတွေ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် အခွင့်အရေးနဲ့ လုပ်ငန်းခွင်အခွင့်အရေးတွေ ဆုံးရှုံးခဲ့ပြီး အဓမ္မလုပ်အားပေး စေခိုင်းတာလည်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကလေးစစ်သားနဲ့ ကလေးအလုပ်သမားအသုံးပြုမှု အများဆုံးနိုင်ငံတခုလည်း ဖြစ်ခဲ့ကြောင်း၊ လယ်ယာမြေတွေလည်း အဓမ္မသိမ်းယူခံခဲ့ရပြီး ပြည်သူတရပ်လုံးလည်း ဒီနေ့အထိ အဲဒီအကျိုးဆက်တွေကို ရင်ဆိုင်ခံစားနေရတဲ့အတွက် အလုပ်သမားရေးရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီး CTUM ဟာ စစ်အစိုးရအဖွဲ့နဲ့ လက်တွဲဆောင်ရွက်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024