တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်ဟာ ဒီနေ့နေ့လယ်ပိုင်းမှာ ပြန်လွတ်လာပြီး ဝန်ကြီးများအိမ်ရာကို ပြန်လည်ရောက်ရှိလာတယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ်ကို နေအိမ်အကျယ်ချုပ်ထားမှာဖြစ်ပြီး ကျန်တဲ့ ဝန်ကြီးအားလုံးကိုတော့ အစိုးရဝန်ကြီး အိမ်ရာကနေ ၃ ရက်အတွင်း အပြီးပြောင်းရွှေ့ ခိုင်းထာ;တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို တပ်မတော်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မနက်ပိုင်းက နေအိမ်ကနေ ခေါ်ဆောင်သွားပြီးနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က မလိခ ရိပ်သာမှာ ထိန်းသိမ်းထားခဲ့တာလို့ သိရပါတယ်။
သတင်း- မီးမီး