ချန်ပီယံရှစ်ကလပ် ပရက်စတန်နောက်ခံလူ ဒေးဗီးစ်ကို လီဗာပူးအသင်းခေါ်ယူ

လီဗာပူးအသင်းဟာ ချန်ပီယံရှစ်ကလပ် ပရက်စတန်နောက်ခံလူ ဘင်ဒေးဗီးစ်ကို ပေါင် ၂ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားပါတယ်။
လူငယ်နောက်ခံလူ ဗန်ဒင်ဘက်ချ်ကိုတော့ ပရက်စတန်အသင်းကို ရာသီအကုန်အထိ အငှားချပေးရမှာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်ရှိ အင်္ဂလန်နောက်ခံလူ ဘင်ဒေးဗီးစ်ဟာ ပရက်စတန်အကယ်ဒမီကနေ ပေါ်ထွက်လာသူဖြစ်ပြီး ၂၀၁၃ ခုနှစ်ကတည်းက အသင်းမှာ ရောက်ရှိနေတာပါ။
အခုနှစ်ရာသီမှာတော့ ပရက်စတန်အတွက် ၁၉ ပွဲကစားပေးခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ဗန်ဒိုက်၊ ဂျိုးဂိုမက်ဇ်၊ မာတစ်အစရှိတဲ့ ဗဟိုနောက်ခံလူတွေ ဒဏ်ရာရရှိနေတာကြောင့် ဘင်ဒေးဗီးစ် ကို အရေးပေါ်အခြေအနေအရ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။