မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ပြီးခဲ့တဲ့ တစ်နာရီလောက်က ပြန်လွတ်မြောက်လာပြီး အစိုးရဝန်ထမ်းအိမ်ရာမှာ ရှိနေတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးက ပြောပါတယ်။
လွှတ်တော် ဥက္ကဋ္ဌ ဦးတာကတော့ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်နေ့မနက်အစောပိုင်းမှာ အာဏာသိမ်းပြီးနောက် မကွေးတိုင်းအတွင်းက လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ၅ နာရီလောက်က စစ်တပ်က လာရောက်ခေါ်ဆောင်ပြီးနောက် မင်းဘူးမြို့နယ် တပ်မ ၈၈ ရိပ်သာမှာ ဘာကောင်းကောင်မွန်မွန်ထားတယ်လို့ ပြန်လွတ်လာတဲ့ ဦးကျော်ဌေးက ပြောပါတယ်။
သတင်း-မင်းထီး