Monday, May 29, 2023
Homeမြန်မာသတင်းနိုင်ငံရေးလာမယ့္လြွႊတ္ေတာ္အစည္းအေ၀းတြင္ ဆက်သွယ်ရေး ဥပဒေကြမ်း အဓိက ဆွေးနွေးမည်

လာမယ့်လွှတ်တော်အစည်းအဝေးတွင် ဆက်သွယ်ရေး ဥပဒေကြမ်း အဓိက ဆွေးနွေးမည်

လာမယ့်အောက်တိုဘာလဆန်းမှာ ပြန်လည်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးတွေမှာ  သမ္မတ သဘောထားမှတ်ချက်နဲ့ ပြန်လည်ပေးပို့ထားတဲ့ ဥပဒေကြမ်း ၃ခုကို  ဆွေးနွေး ဆုံးဖြတ်ကြဖို့ရှိပါတယ်။

ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးအတွင်း ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူ ဆုံးဖြတ်ချက်တွေနဲ့ သမ္မတထံ ပေးပို့ခဲ့တဲ့ ဆက်သွယ်ရေးဥပဒေကြမ်းပါ ဥပဒေကြမ်း ၃ ခုကို သမ္မတက လွှတ်တော်ထံ သဘောထားမှတ်ချက်နဲ့ ပြန်လည်ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင်၊ မကွေးတိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အခုလိုပြောပါတယ်။

“အခု ပန်ပို့လိုက်တဲ့ ဥပဒေကြမ်းတွေက ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း၊ အဲဒီမှာ သမ္မတကြီးက ပြင်ဆင်ချက် ၄ ခုရယ်၊ ၃ ခုရယ်နဲ့ အကြံပေးချက်နဲ့ ပြန်ချပေးတယ်။ နောက်ဥပဒေက ဆက်သွယ်ရေး ဥပဒေကြမ်း။ အဲဒီဆက်သွယ်ရေး ဥပဒေကြမ်းကတော့ သမ္မတက ပြင်ဆင်သင့်ပါတယ်ဆိုတဲ့ အချက် ၅ ချက်နဲ့ ဒါလေးတွေ ပြင်ဆင်မှုကောင်းပါတယ်ဆိုတဲ့ ပြင်ဆင်ချက် ၅ ခုနဲ့ ပြန်ချပေးလိုက်တာပဲ။ နောက်တခုက တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကြမ်း၊ အဲဒီဥပဒေမှာကတော့ သမ္မတကြီးက အကြံပြုချက်ပေါင်း ၅ ခုနဲ့ ဒါလေးတွေ ကျနော်ဆီပြန်ချပေးလိုက်တာပဲ”

အဲ့ဒီဥပဒေကြမ်း ၃ ခုကို ပြည်ထောင်စုလွှတ်တော်မှာ ပြန်ဆွေးနွေးကြရဦးမယ်လို့ ပြောပါတယ်။

လာမယ့်လွှတ်တော်ထဲ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးမယ့် ဥပဒေကြမ်း ၇ ခု ရှိပါတယ်။

ဘက်စုံပို့ဆောင်ရေးဥပဒေ၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ၊ နေပြည်တော်စည်ပင်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ၊ ပြည်ထောင်စုလွှတ်တော်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေ၊ တိုင်းရင်းဆေးဝါး ဥပဒေ၊အဆိပ်များ ဥပဒေနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေတို့ ဖြစ်ပါတယ်။

အလားတူ ပြည်သူ့လွှတ်တော်က တင်သွင်းဖို့ ရှိနေတာနဲ့ ဆွေးနွေးဖို့ ရှိနေတဲ့ ဥပဒေကြမ်းပေါင်း ၃၀ လောက်ရှိပါတယ်။

ဒီတကြိမ်လွှတ်တော်မှာ လွှတ်တော် ၂ ရပ်စလုံးက အတည်ပြုဖို့ရှိတဲ့ ဥပဒေကြမ်းတွေက ဆက်သွယ်ရေးဥပဒေ၊ ပုံနှိပ်ထုတ်ဝေဥပဒေ၊ သတင်းမီဒီယာဥပဒေနဲ့ တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေးဥပဒေတို့ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular