ပြည်ထောင်စု ဒုဝန်ကြီး ၂၄ ယောက်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝန်တွေ အပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို တာဝန်ကနေ ရပ်စဲလိုက်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့စွဲနဲ့ ကြေညာပါတယ်။
တာဝန်က ရပ်စဲခံရတဲ့ ဒုတိယဝန်ကြီး ၂၄ ဦးထဲမှာ ဦးခင်မောင်တင်၊ ဦးမင်းလွင်၊ ဦးတင်မြင့်၊ ဦးမောင်မောင်ဝင်း၊ ဦးဆက်အောင်၊ ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ ဦးဗရတ်ဆင်း၊ ဦးဟောက်ဒိုဆွမ်း၊ ဦးအောင်လှထွန်း၊ ဦးကြည်မင်း၊ ဦးလှကျော်၊ ဦးကျော်မျိုး၊ ဦးသာဦး၊ ဒေါက်တာရဲမြင့်ဆွေ၊ ဒေါက်တာထွန်းနိုင်၊ ဦးခင်မောင်ဝင်းနဲ့ ဦးအောင်ထူး၊ ဦးမြင့်ကြိုင်၊ ဦးဝင်းမော်ထွန်း၊ ဒေါက်တာမြလေးစိန်၊ ဦးကျော်လင်း၊ ဦးစိုးအောင်၊ ဦးတင်လတ်၊ ဦးလှမော်ဦး တို့ပါဝင်ပါတယ်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ အဖြစ် ဦးသန်းဆွေကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အမည်နဲ့ ထုတ်ပြန်တဲ့ သီးခြားအမိန့်စာမှာ ဖော်ပြထားပါတယ်။