ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေအတွက် တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကို ပြင်ဆင်ဖြည့်စွက် ဖွဲ့စည်းလိုက်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ၊ အတွင်းရေးမှူးအဖြစ် ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့အဖွဲ့ဝင်တွေအဖြစ် ဒုဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဒုဗိုလ်ချုပ်ကြီး မင်းနောင် နဲ့ ဒုဗိုလ်ချုပ်ကြီး အေးဝင်းတို့ နဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်တာပါ။
ကော်မတီအနေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လမ်းကြောင်းအတိုင်း အန်စီအေလက်မှတ်ထိုးထာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် ဆက်လက်ဆွေးနွေးတာ၊ အန်စီအေ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်မှတ်ထိုးနိုင်တဲ့အထိ ဆက်လက်ဆွေးနွေး တာနဲ့ ထာဝရ ငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးတဲ့အထိ ဆက်လက်ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။
မြန်မာတပ်မတော်က အာဏာသိမ်းပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအ၀င် အစိုးရအဖွဲ့၀င်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်တချို့ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် အခုလို ထုတ်ပြန်လိုက်တာပါ။