လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေများအရ ဘဏ်များရှိ ငွေကြေးဝန်ဆောင်မှုပေးနေသည့် System Unavailable ဖြစ်နေတာ၊ Internet Connection တွေ မကောင်းတာတို့ကြောင့် ဘဏ်တွေအနေနဲ့ ငွေကြေးဝန်ဆောင်မှုပေးဖို့ အဆင်မပြေတာကြောင့် မြန်မာနိုင်ငံဘဏ်များအသင်း အသင်းဝင်ဘဏ်တွေအားလုံး ဒီနေ့ကစ ယာယီပိတ်ထားမယ်လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ အရေးပေါ် ဆွေးနွေးချက်အရ အခုလို ဆုံးဖြတ်တာလို့ ဆိုပါတယ်။
ဘဏ်တွေ ယာယီပိတ်ထားခွင့်အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ဆက်လက်တင်ပြပြီး ဘဏ်တွေ ပြန်လည်ဖွင့်လှစ်မယ်ရက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ လမ်းညွှန်ချက်ခံယူပြီး ပြန်လည်ကြေညာပေးမယ်လို့ ဆိုပါတယ်။
System တွေ ပြန်လည်အသုံးပြုလို့ရပြီး Internet Connection တွေ ပြန်လည်ကောင်းမွန်လာပါက ဘဏ်အားလုံး တပြေးညီ ပြန်လည်ဖွင့်လှစ်ဖို့ ကြိုတင်အကြောင်းကြားမယ်လို့ ထုတ်ပြန်ထားပါတယ်။