Home
Lead Story
အစိုးရအသစ်ကို ထောက်ခံကြောင်း ပိုစတာများ ချိတ်ဆွဲလာ (ဓာတ်ပုံ)
DVB
·
January 31, 2021

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲရလဒ်အပြတ်အသတ်နဲ့ အနိုင်ရရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဖွဲ့စည်းမယ့် အစိုးရသစ်အား ထောက်ခံကြောင်း ဗီနိုင်း ပိုစတာတွေကို နေအိမ်အလိုက်၊ လမ်းအလိုက် ချိတ်ဆွဲလာနေကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က "ထောက်ခံတာက ရှိတာပဲလေ။ ကန့်ကွက်တာလည်း ရှိတာပဲ။ ကျနော်တို့ပါတီ (NLD) အ‌နေနဲ့ကတော့ အလွန်အကျွံမဖြစ်ဖို့ နှုတ်အားဖြင့် ညွှန်ကြားထားတာရှိပါတယ်" လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ ရွေးကောက်ပွဲကော်မရှင် ကန့်ကွက်ပွဲနဲ့ တပ်မတော်ကို ထောက်ခံပွဲတွေ ပြုလုပ်လာနေချိန်မှာ အစိုးရအသစ်အား ထောက်ခံကြောင်း ပိုစတာတွေသာမက နေအိမ်တွေမှာ NLD အလံတွေ ချိတ်ဆွဲလာနေကြပါတယ်။

အစိုးရအသစ်ကို ထောက်ခံကြောင်း ပိုစတာချိတ်ဆွဲသူတစ်ဦးက ကိုဗစ်ကာလ ဖြစ်တာကြောင့် လမ်းပေါ်မထွက်ဘဲ နေအိမ်မှပဲ မိမိဆန္ဒကို ထုတ်ဖော်တာလို့ ပြောပါတယ်။

Photo - MPA Team

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024