မက်ဆီက အကောင်းဆုံးကစားသမားဟု ကာရေဂါ သုံးသပ်

မက်ဆီက တခြားသူတွေ မလုပ်နိုင်တာကို လုပ်ဆောင်နိုင်သူဖြစ်ပြီး ရော်နယ်ဒိုက လေးစားစရာ ကစားသမား ဖြစ်တယ်လို့ အင်္ဂလန်နောက်ခံလူဟောင်း ကာရေဂါက သုံးသပ်ပါတယ်။
မက်ဆီနဲ့ စီရော်နယ်ဒိုတို့ ၂ ဦးထဲမှာ ဘယ်ကစားသမားက အကောင်းဆုံးလဲဆိုတဲ့ မေးခွန်းအပေါ်မှာ လီဗာပူးဂန္ထဝင် ကာရေဂါက ပြန်လည်ဖြေကြားခဲ့တာပါ။
မက်ဆီက အကောင်းဆုံးကစားသမား ဖြစ်တယ်ဆိုတဲ့ ခံယူချက်ကို ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘဲ အများစုနဲ့ ထပ်တူကျကြောင်း ကာရေဂါက ပြောပါတယ်။
ဒါပေမဲ့ ရော်နယ်ဒိုကတော့ ပိုမိုလေးစားစရာ ကောင်းပြီး စိတ်ဓာတ်ပိုင်း၊ အာရုံစိုက်မှုနဲ့ အလုပ်ကြိုးစားမှုတွေမှာ ပိုကောင်းတယ်လို့ ကာရေဂါက ပြောပါတယ်။
ရော်နယ်ဒိုက တခြားကစားသမားတွေ လုပ်နိုင်တာကို မကြာခဏလုပ်ပြနိုင်သူဖြစ်ပြီး မက်ဆီကတော့ တခြား ကစားသမားတွေ မလုပ်နိုင်တာကို လုပ်ဆောင်နိုင်သူ ဖြစ်တယ်လို့ ကာရေဂါက သုံးသပ်ခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့ ဘလွန်းဒီအောဆုကို မက်ဆီက ၆ ကြိမ် ရရှိထားပြီး ရော်နယ်ဒိုက ၅ ကြိမ် ရရှိထားပါတယ်။