ဝက်စ်ဟမ်းမှာ ခြေစွမ်းပြပြီး ပြန်လာရန် လင်ဂတ်ကို နည်းပြဆိုးလ်ရှား ပြော

လင်ဂတ်အနေနဲ့ ဝက်စ်ဟမ်းမှာ ခြေစွမ်းပြသပြီး အသင်းဆီကို ပြန်လာစေချင်တယ်လို့ နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။
နည်းပြဆိုးလ်ရှားဟာ ပွဲထွက်ခွင့်မပေးနိုင်ခဲ့တဲ့ လင်ဂတ်ကို ဝက်စ်ဟမ်းအသင်းဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ လင်ဂတ်အနေနဲ့ ဝက်စ်ဟမ်းအသင်းမှာ သူ့ရဲ့အရည်အချင်းတွေကို ပြသပြီး အသင်းဆီ ပြန်လာစေချင်ကြောင်း နည်းပြဆိုးလ်ရှားက ပြောခဲ့တာပါ။
လင်ဂတ်အနေနဲ့ ကိုဗစ်ရောဂါပိုးတွေ့ရှိသူနဲ့ ထိတွေ့မှုရှိခဲ့လို့ သီးသန့်နေထိုင်ခဲ့ရတာမျိုးလို ကိစ္စတွေရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက် ကစားသမားတစ်ဦးဆိုတာကို ပြသပြီး အသင်းဆီ ပြန်လာဖို့ နည်းပြဆိုးလ်ရှားက တိုက်တွန်းခဲ့တာပါ။
နောက်ခံလူ ရိုဟိုကတော့ အာဂျင်တီးနားကလပ်ဆီကို ပြန်လည်ပြောင်းရွှေ့မှာ ဖြစ်ပြီး ဂိုးသမား ရိုမဲရိုးကတော့ စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ အသင်းမှာ ဆက်ရှိနေမှာဖြစ်တယ်လို့ ဆိုးလ်ရှားက အတည်ပြုသွားပါတယ်။