အင်ဒိုနီးရှားတွင် လိင်တူဆက်ဆံသူနှစ်ဦး လူမြင်ကွင်း၌ ကြိမ်ဒဏ်ပေးခံရ

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ ဇန်နဝါရီ ၂၈ ရက်က လိင်တူဆက်ဆံသူ နှစ်ဦးကို လူမြင်ကွင်းမှာ ကြိမ်ဒဏ် ၇၇ ချက်စီ ပြစ်ဒဏ်ပေးခဲ့ပါတယ်။
အင်ဒိုနီးရှားမှာ အာချေးပြည်နယ်တစ်ခုပဲ ရှီးယားဥပဒေကို ပြဋ္ဌာန်းကျင့်သုံးတာဖြစ်ပြီး ဒါဟာ ၂၀၁၅ ခုနှစ်က အာချေးပြည်နယ်မှာ ရှီးယားဥပဒေကို ပြဋ္ဌာန်းပြီးနောက်ပိုင်း တတိယအကြိမ် လိင်တူ ဆက်ဆံသူတွေကို ကြိမ်ဒဏ်ပေးတာပါ။
အိမ်ထောင်ရေး ဖောက်ပြန်မှုနဲ့ အရက်သောက်မှုအပါအဝင် ပြစ်ဒဏ်တွေအတွက် တခြားလူ ၄ ယောက်ကိုလည်း ကြိမ်ဒဏ်ပေးခဲ့ပါတယ်။
ဥပဒေ ပြဋ္ဌာန်းတဲ့ ၂၀၀၅ ခုနှစ်ကစပြီး လူမြင်ကွင်းမှာ ပြစ်ဒဏ်ပေးတာက ဖြစ်ရိုးဖြစ်စဉ် ဖြစ်လာပါတယ်။ ခိုးမှုနဲ့ လောင်းကစားမှု အပါအဝင် ပြစ်ဒဏ်တွေကို ကြိမ်ဒဏ်ပေးလေ့ရှိပါတယ်။
၂၀၁၄ ခုနှစ်က အာချေးပြည်နယ်မှာ လိင်တူဆက်ဆံတာကို တရားမဝင်ကြောင်း သတ်မှတ်ပြဋ္ဌာန်းခဲ့တာပါ။