လွှတ်တော်အမတ်များ ဖွံ့ဖြိုးရေးသုံးငွေ အသုံးပြုခွင့် မပေးသေး
DVB
·
September 24, 2013
အမတ်တွေရဲ့ သက်ဆိုင်ရာမြို့နယ် ဖွံ့ဖြိုးရေးကဏ္ဍတွေမှာ အသုံးပြုဖို့ ပြည်ထောင်စု အစိုးရက ရန်ကုန်တိုင်းအတွက် ချထားပေးပြီးဖြစ်တဲ့ ကျပ်ငွေ ၄ ဒဿမ ၅ ဘီလျံကို လက်ရှိ အသုံးပြုခွင့် မပေးနိုင်သေးကြောင်းနဲ့ ရန်ပုံငွေထိန်းသိမ်းသုံးစွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ အတည်ပြုပြီးမှသာ သုံးစွဲခွင့်ပေးသွားမယ်လို့ ရန်ကုန်တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ ဦးတင်အောင်က
ပြောပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့က ကျင်းပတဲ့ တိုင်းလွှတ်တော်အစည်းအဝေးမှာ ဗဟန်းမြို့နယ် တိုင်းအမတ် ဒေါ်ညိုညိုသင်းက ပြည်ထောင်စုအစိုးရက ချထားပေးတာ ဘဏ္ဍာရေးနှစ်ဝက်နီးပါး ကြာနေပြီဖြစ်တဲ့ အဲဒီငွေတွေကို ဘယ်အချိန်၊ ဘယ်နည်းနဲ့ ဘယ်ပုံ သုံးစွဲမလဲ မေးမြန်းတာကို ဦးတင်အောင်က ခုလို ဖြေခဲ့တာ ဖြစ်ပါတယ်။
ဗဟိုအစိုးရက ချထားပေးတဲ့ငွေတွေ ခုချိန်ထိ မသုံးနိုင်သေးတဲ့အတွက် ဖွံ့ဖြိုးရေးလုပ်ငန်း တွေ လုပ်ကိုင်ရာမှာ နှောင့်နှေးနိုင်တယ်အပြင် ငွေ လက်ခံထားတဲ့ဆီမှာ မသမာမှုတွေလည်း ဖြစ်လာနိုင်လို့ မေးခွန်းမေးရခြင်းဖြစ်တယ် ဆိုပြီး ဒေါ်ညိုညိုသင်းက ဒီဗွီဘီ ကို ပြောပါတယ်။