တန်းမြင့်ဆန် ဂျပန်ကို တင်ပို့နိုင်ရေး လက်မှတ်ရေးထိုး
DVB
·
September 24, 2013
ဂျပန်နိုင်ငံအစိုးရကို ဆန်တင်သွင်းခွင့်ရှိတဲ့ မစ်ဆူအီကုမ္ပဏီနဲ့ မြန်မာ့လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်းတို့ဟာ ဂျပန်နိုင်ငံကို တန်းမြင့်ဆန် တန်ချိန် ၂ သိန်း တင်သွင်းမယ့် သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုး အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်း တာဝန်ရှိသူ ဒေါက်တာစိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။
တန်းမြင့်ဆန် တင်ပို့နိုင်ရေးအတွက် အရည်အသွေးမီ ဆန်စက်တွေလည်း တည်ဆောက်ရဦးမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့မေလတုန်းက အစမ်းသဘောနဲ့ မြန်မာ့တန်းမြင့်ဆန်တန်ချိန် ၅၀၀၀ ဂျပန်နိုင်ငံ နာဂိုယာဆိပ်ကမ်းကို တင်ပို့ခဲ့ရာမှာ သက်ဆိုင်ရာ စစ်ဆေးချက်တွေအရ အရည်အသွေးစံ ပြည့်မီတာကြောင့် အခု တန်ချိန် ၂ သိန်း တင်ပို့မယ့် အစီအစဉ် ဆက်ပြီးဖြစ်လာတာလို့ သူက ရှင်းပြပါတယ်။