ရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲစေဖို့ ဒါမှမဟုတ် မြန်မာ့ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုကို ကြန့်ကြာစေဖို့ ဘယ်လို ကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို ဆန့်ကျင်ကန့်ကွက်တဲ့အကြောင်း မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းတွေက ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
မကြာသေးမီက ကျင်းပခဲ့သော နိုင်ငံတစ်ဝန်းရွေးကောက်ပွဲမှာ သမိုင်းဝင်ပါဝင်ခဲ့ကြမှုအတွက် မြန်မာနိုင်ငံသားတွေကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ထပ်မံပြောကြားလိုတယ်လို့လည်းဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရက်တစ်အသွင်ကူးပြောင်းရေးနဲ့ နိုင်ငံတော်အတွင်း ငြိမ်းချမ်းရေးနဲ့ ဖြိုးရေး မြှင့်တင်နိုင်ဖို့ ကြိုးပမ်းအားထုတ်နေမှုကို အားပေးထောက်ခံအားပေးကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်မှာ လွှတ်တော်အသစ် စတင်ရေးနဲ့ သမ္မတသစ်တစ်ဦး ရွေးချယ်တင်မြှောက်ရေး လုပ်ငန်းစဉ်ကို ငြိမ်းငြိမ်းချမ်းချမ်းဆောင်ရွက်နိုင်ရေးမျှော်လင့်တယ်လို့လည်းဆိုပါတယ်။
တပ်မတော်နဲ့ နိုင်ငံအတွင်းရှိတခြား လူပုဂ္ဂိုလ် အဖွဲ့အစည်းအားလုံးအနဲ့ ဒီမိုကရေစီစံနှုန်း တွေကို လိုက်နာစောင့်ထိန်းကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ပူးတွဲတောင်းဆိုတဲ့ သံတမန်အဖွဲ့အစည်းတွေထဲမှာ သြစတြေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး၊ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေရဲ့သံရုံးတွေဖြစ်တဲ့ ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နဲ့ဆွီဒင် အပြင် ဆွစ်ဇာလန်၊ ယူကေ၊ အမေရိကန်၊ နော်ဝေနဲ့ နယူးဇီလန်နိုင်ငံ ဆိုင်ရာသံရုံးတွေလည်း ပါဝင်ပါတယ်။