A d v e r t i s e m e n t With Us

ထိုင်းမြောက်ပိုင်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး မြန်မာရွေ့ပြောင်းလုပ်သား ၅ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံမြောက်ပိုင်း ဗိသနုလုတ်ခရိုင်ထဲမှာ ဇန်နဝါရီ ၂၇ ရက် က မြန်မာရွှေ့ပြောင်းလုပ်သားတွေ တင်ဆောင်လာတဲ့ကားတစ်စီး လမ်းဘေးကနေအိမ်နဲ့ အိမ်ရှေ့ရပ်ထားတဲ့ ကားကို မတော်တဆဝင်တိုက်မိခဲ့လို့ ကားပေါ်ပါလာတဲ့ မြန်မာလုပ်သား ၅ ယောက်  ဒဏ်ရာ ရသွားပါတယ်။ 

ဖရူမ်ဖိလမ်မြို့နယ်အတွင်း ဗိဆနုတ်လုတ် - ဥဒရဒစ်သွား လမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှုဖြစ်လို့ ထိခိုက်ဒဏ်ရာရသူ တွေရှိကြောင်း သတင်းရလို့ လူနာတင်ယာဉ်နဲ့အတူ အမြန်ဆုံးသွားရောက်စစ်ဆေးခဲ့တယ်လို့ ဖရူမ်ဖိလမ်နယ်မြေရဲစခန်းတာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

“အခင်းဖြစ်တဲ့နေရာကိုရောက်တော့ အဖြူရောင်ဟိုင်းလပ်ကားတစ်စီးဟာ လမ်းဘေးမှာ ရှိတဲ့ နေအိမ်တစ်လုံးနဲ့ အိမ်ရှေ့မှာရပ်ထားတဲ့ လယ်ယာလုပ်ငန်းသုံးကားတစ်စီးကို ဝင်တိုက်ထားတဲ့ အနေအထားကိုတွေ့ရှိတယ်။ ကားထဲကနေ အရင်ဆုံး ပါးစပ်မှာသွေးတွေထွက်နေတဲ့ လူတစ်ယောက်ကို တွေ့ပြီး တခြားထိခိုက်ဒဏ်ရာရသူ နောက်ထပ် ၄ ဦးကိုတွေ့လို့ ပဏာမအဖြစ်ရှေးဦး သူနာပြုစုပြီး အနီးဆုံးဖြစ်တဲ့ ဝပ်ဘိုဆဒ်ဆေးရုံကို ပို့ဆောင်ပေးလိုက်တယ်”။

စစ်ဆေးချက်အရ ဒဏ်ရသူတွေမှာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး မြန်မာအလုပ်သမားတွေဖြစ်ကြောင်း၊ သူတို့ဟာ လမ်းပွန်းခရိုင်ကနေ ထိုင်းအရှေ့မြောက်ပိုင်း ခွန်ကဲန်ခရိုင်ကိုသွားနေရာက အခုလို မတော်တဆထိခိုက်မှုဖြစ်သွားရတာလို့ သိရပါတယ်။ 

အဆိုပါအလုပ်သမားတွေဟာ နိုင်ငံထဲတရားဝင် ဝင်ရောက်လာခြင်းဟုတ်မဟုတ်၊ သက်သေ ခံအထောက်အထားရှိမရှိကို လဝက ရဲတပ်ဖွဲ့က စိစစ်နေဆဲဖြစ်ပါတယ်။

ထိုင်းမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားတဲ့ကာလအတွင်း  ရွှေ့ပြောင်းလုပ်သားတွေကို နယ်မြေထွက်ခွာခွင့်နဲ့  ခရီးသွားလာခွင့်ကို ကန့်သတ်ထားပါတယ်။ 

ကိုးကား- MGR Online

A d v e r t i s e m e n t With Us

More News
Up