A d v e r t i s e m e n t With Us

Apple ကုမ္ပဏီ ပထမ ၃လပတ်ဝင်ငွေ ကန်‌ဒေါ်လာ ၁၀၀ ဘီလီယံခန့်ရဟု ခန့်မှန်း

Apple နိုင်ငံစုံ နည်းပညာကုမ္ပဏီ ပထမ ၃ လပတ် ဝင်ငွေကို အစီရင်ခံရာမှာ အမေရိကန် ဒေါ်လာ ဘီလီယံ ၁၀၀ လောက် ရသွားတယ်လို့ အကဲခတ်တွေက ဇန်နဝါရီ ၂၇ ရက်မှာ ထင်ကြေး ပေးလိုက်ကြပါတယ်။

 5G iPhones တွေကို စောသုံးနိုင်တာနဲ့ အိမ်ကနေ အလုပ်လုပ်ရတဲ့ ပတ်ဝန်းကျင် အခြေအနေ အခင်းအကျင်းတွေကြောင့် ဒီလောက် ပြန်ရသွားတာလို့လည်း မီဒီယာတွေက သုံးသပ်ပါတယ်။

 ဒီဇင်ဘာ ၃၁ ရက်မှာ ပြီးဆုံးတဲ့ စတုတ္ထ ၃ လပတ်မှာ  Apple  ထုတ်ကုန်တွေရဲ့ ရောင်းအား ဟာ ခန့်မှန်းခြေအမေရိကန် ဒေါ်လာ ၁၀၂ ဒသမ ၇၆ ဘီလီယံဖိုး ရှိတယ်လို့ ဘဏ္ဍာရေး ဈေးကွက်သတင်းအချက်အလက် ကုမ္ပဏီ ရေဖှစ်နစ်တစ်ဗ်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up