ကိုဗစ်ကပ်ဘေးကာလ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ ဝင်ငွေတိုးလာ

1.7K
ဖေ့စ်ဘွတ်ခ် နိုင်ငံတကာကော်ပိုရေးရှင်းဟာ သူ့ရဲ့စတုတ္ထ ၃ လပတ် ပျမ်းမျှဝင်ငွေကို ဇန်နဝါရီ ၂၇ရက်က အစီရင်ခံရာမှာ မနှစ်က အလားတူကာလအတွင်း ပြန်ရငွေထက် ၂၅ ရာခိုင်နှုန်း ပိုရမယ်လို့ အကဲခတ်တွေက ခန့်မှန်းပါတယ်။
စတော့ရှယ်ယာ ဈေးကွက် အချက်အချာ ဝေါလ်စထရိကတော့ ဖေ့စ်ဘွတ်ခ်ဟာ ၃လပတ် ကာလအတွင်း ခန့်မှန်းဝင်ငွေ အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၄၁ ဘီလီယံ ရှိလို့ ရှယ်ယာ တခုကို အမေရိကန် ဒေါ်လာ ၃ ဒသမ ၅၄ ရသွားမယ်လို့ ခန့်မှန်းထားပါတယ်။
ဖေ့စ်ဘွတ်ခ်ရဲ့ ရှယ်ယာဈေးဟာ ဒီနှစ်ထဲမှာ ၃ဒသမ၄ ရာခိုင်နှုန်း တိုးသွားတာလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။