A d v e r t i s e m e n t With Us

ကိုဗစ်ကာလ မိုက်ခရိုဆော့ဖ် အစုရှယ်ယာတန်ဖိုးတက်လာ

ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း အိမ်ကနေ သင်ယူ အလုပ်လုပ်နေကြရတဲ့ အခြေအနေကနေ အကျိုးအမြတ်ရနေတဲ့ မိုက်ခရိုဆော့ဖ် နိုင်ငံတကာကော်ပိုရေးရှင်းရဲ့ အစုရှယ်ယာတန်ဖိုးဟာ ၂၀၂၀ မှာ ၄၁ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ကုန်သွယ်ရေးမှာတော့ ၄ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

မိုက်ခရိုဆော့ဖ်ရဲ့ ‘Intelligent Cloud’ ကဏ္ဍဟာ ၂၃ ရာခိုင်နှုန်း တိုးပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၆ ဘီလီယံအထိ ရောက်လာခဲ့ပါတယ်။ အဇူရေ ကဏ္ဍကတော့ ၅၀ ရာခိုင်နှုန်း တိုးလာတယ်လို့ မိုက်ခရိုဆော့ဖ်က ပြောပါတယ်။

ဒါပေမဲ့ အကဲခတ်တွေကတော့ ဗစ်ဆစ်ဘယ်အယ်လ်ဖှာဆီက ရတဲ့ အချက်အလက်တွေအရ အဇူရေက ၄၁ ဒသမ ၄ ရာခိုင်နှုန်း တိုးလာတာလို့ ပြောပါတယ်။

Windows software နဲ့ Xbox gaming consoles တို့ အပါအဝင် တကိုယ်ရေ ကွန်ပျူတာ အစိတ်အပိုင်းတွေကနေ ပြန်ရငွေက ၁၄ ရာခိုင်နှုန်း တိုးပြီး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၁ ဘီလီယံအထိ ရောက်ခဲ့တာပါ။

ဒါကြောင့် အကဲခတ်တွေရဲ့ ခန့်မျန်းချက် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅ ဘီလီယံကို ကျော်လွန်ရရှိသွားခဲ့တယ်လို့ ရေဖှစ်နစ်တစ်ဗ် သုတေသနအဖွဲ့ရဲ့ IBES အချက်အလက်တွေက ဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up