A d v e r t i s e m e n t With Us

နယ်သာလန်တွင် လော့ဒေါင်းဆန့်ကျင် ဆန္ဒပြ

နယ်သာလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေး အစိုးရက အသွားအလာ ကန့်သတ် လော့ဒေါင်းလုပ်ထားတာကို  ဆန့်ကျင်ပြီး ပြည်သူလူထုတွေက  ၄ ညဆက်တိုက် ဆန္ဒပြနေကြပါတယ်။

ဟီလ်ဗာဆမ်မြို့မှာ ဇန်နဝါရီ ၂၆ ရက်က ဆန္ဒပြသူတွေ လမ်းတွေပေါ်မှာ ပြေးလွှားနေတာ တွေ့ရပါတယ်။ နောက်ပိုင်းမှာတော့ ခါတိုင်းညတွေထက် ပိုငြိမ်သက်လာပုံရတဲ့ ရုပ်သံကို ရိုက်ကူးပြီး ရဲတွေက တွစ်တာ လူမှုကွန်ရက်ပေါ် တင်ခဲ့ကြပါတယ်။

နယ်သာလန်ဟာ ကပ်ရောဂါ ကူးစက်မှုကျဆင်းရေးအတွက် ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ ပထမဆုံးအနေနဲ့ ညမထွက်ရအမိန့်ကို ဇန်နဝါရီ ၂၃ ရက်က စတင်ကျင့်သုံးခဲ့ပါတယ်။

ဥပဒေရေးရာ အာဏာပိုင်တွေကလည်း ဆယ်ကျော်သက်တွေ အိမ်ထဲမှာပဲနေအောင် ထိန်းဖို့ မိဘတွေကို အင်္ဂါနေ့ ညနေကစပြီး ဆော်သြခဲ့ပါတယ်။

တကယ်လို့ အိမ်ပြင်ထွက်ခဲ့ရင် ရာဇဝတ်သားအဖြစ် မှတ်တမ်းဝင်မယ့်အပြင် ကားတွေ၊ ဆိုင်တွေနဲ့ အများပြည်သူပိုင် နေရာတွေက အပျက်အစီးတွေအတွက် လျော်ကြေးပေးရမယ်လို့ ပြည်လုံးကျွတ် အကျုံးဝင်တဲ့ အသိပေးချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

နယ်သာလန်မှာ  ဒီဇင်ဘာလလယ်ကစ ကျောင်းတွေနဲ့ မရှိမဖြစ် မဟုတ်တဲ့ ဆိုင်တွေကို ပိတ်ထားခဲ့ရပြီး လွန်ခဲ့တဲ့သုံးလကတည်းက ဘားတွေ၊ စားသောက်ဆိုင်တွေကို ပိတ်ထားရတာပါ။

နယ်သာလန်မှာ ဇန်နဝါရီ ၂၆ ရက်အထိ အတည်ပြုချက်အရ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ ၉၅၇,၀၀၀ နီးပါးရှိပြီး ကူးစက်ခံ သေဆုံးသူ ၁၃,၆၆၄ ယောက် ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up