၂၀၁၅ ကျောင်းသားသပိတ်မှာ ဦးဆောင်သူတဦးအဖြစ်ပါဝင်ခဲ့တဲ့ ဗကသကျောင်းသားဟောင်း ကိုဂျိမ်းစ် (ခ) ကိုလင်းထက်နိုင် ဒီကနေ့ အင်းစိန်ထောင်ကနေ ပြန်လည် လွတ်မြောက်လာပါတယ်။
ကိုလင်းထက်နိုင်ကို ကျောက်တံတားမြို့နယ်တရားရုံးက ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့မှာ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ရာက ဒီကနေ့ ထောင်ချုပ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။
၂၀၁၅ ကျောင်းသားသပိတ်မှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကိုလင်းထက်နိုင်အပါအဝင် ကျောင်းသားခေါင်းဆောင်တွေကို ၂၀၁၅ ခုနှစ်၊ မတ်လတွင် ဦးသိန်းစိန်အစိုးရက ပုဒ်မများစွာနဲ့ ဖမ်းဆီးတရားစွဲဆိုခဲ့တာပါ။
၂၀၁၆ ခုနှစ်၊ အစိုးရသစ်လက်ထက်မှာ အမှုတွေရုပ်သိမ်းပေးခဲ့ပေမဲ့ ကိုလင်းထက်နိုင်ကို တရားစွဲဆိုထားတဲ့ အမှုတစ်မှုဖြစ်တဲ့ ပုဒ်မ-၄၆၈ ကို လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဝန်ကြီးဌာနက ရုပ်သိမ်းပေးခဲ့ခြင်း မရှိပဲ ၄ နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရပြီး ထောင်ဒဏ် ချမှတ်ခဲ့ဖြစ်ပါတယ်။
Photo - JPaing / MPA