ဧရာဝတီ ကိုဗစ်ကုသရေးစင်တာ၌ ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ဆေးထိုးပေး (ဓာတ်ပုံ)
DVB
·
January 27, 2021
နိုင်ငံတဝန်းရှိ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးပေးနေရာမှာ ဧရာဝတီကိုဗစ်ကုသရေးစင်တာမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း ဒီကနေ့မနက်က စတင်ကာကွယ်ဆေး ထိုးပေးနေပါတယ်။
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအတွက် လှူဒန်းထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ပထမအသုတ်အနေနဲ့ စတင်ထိုးပေးနေတာဖြစ်ပြီး နိုင်ငံတော် အစိုးရ ဝယ်ထားတဲ့ ကာကွယ်ဆေး အလုံးရေ သန်း ၃၀ ထဲက ၂ သန်းလောက် လာမယ့် ဖေဖော်ဝါရီလမှာ ရောက်လာဖို့ ရှိနေပါတယ်။
Photo - Ye Myo Khant / MPA