A d v e r t i s e m e n t With Us

အာရှတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ သန်းချီရှိသည့် နိုင်ငံ ၄ နိုင်ငံရှိလာ

အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁ သန်းကျော် ရှိလာပြီးနောက် အာရှဒေသတွင်းမှာ ပိုးတွေ့လူနာ သန်းချီရှိတဲ့  နိုင်ငံ ၄ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

တကမ္ဘာလုံးမှာတော့ ရောဂါကူးစက်ခံရသူစုစုပေါင်း သန်း ၁၀၀ ကျော်ရှိလာခဲ့ပြီ ဖြစ်ကာ သေဆုံးသူအရေအတွက်ကတော့ ၂ ဒသမ ၁ သန်းကျော်နဲ့ ရောဂါပြန်လည် ပျောက်ကင်းလာသူအရေအတွက် ၇၂ ဒသမ ၅ သန်းကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၂၅ ဒသမ ၉ သန်းကျော်၊ သေဆုံးသူ ၄၃၃,၃၁၈ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၁၀ ဒသမ ၆၈ သန်းကျော်၊ သေဆုံးသူ ၁၅၃,၇၂၄ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၈ ဒသမ ၈၈ သန်းကျော်၊ သေဆုံးသူ ၂၁၇,၈၀၆ ယောက်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှား၊ ယူကေနဲ့ ပြင်သစ်နိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်၊ စပိန်၊ အီတလီ၊ တူရကီ၊ ဂျာမနီနဲ့ ကိုလံဘီယာနိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရပါတယ်။

အဲဒီနောက်မှာတော့ အာဂျင်တီးနား၊ မက္ကဆီကို၊ ပိုလန်၊ တောင်အာဖရိက၊ အီရန်၊ ယူကရိန်း၊ ပီရူးနဲ့ အင်ဒိုနီးရှားနိုင်ငံတွေ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁ သန်းကျော် လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ဦးရေ ၁ သန်း ကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၁၉ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၈၉,၁၉၇ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၈၃ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယ၊ တူရကီနဲ့ အီရန်နိုင်ငံပြီးရင် အင်ဒိုနီးရှားနိုင်ငံက ရောဂါကူးစက်ခံရသူဦးရေ ၁ သန်းကျော်လာခဲ့ပြီဖြစ်တာမို့ သန်းချီကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၄ နိုင်ငံရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အီရတ်နဲ့ အစ္စရေးနိုင်ငံတွေက ရောဂါကူးစက်ခံရသူဦးရေ ၆ သိန်းကျော်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ကူးစက်ခံရသူဦးရေ  ၅ သိန်းကျော်စီနဲ့ အသီးသီးရှိနေပါတယ်။

မြန်မာနိုင်ငံမှာတော့ ဇန်နဝါရီ ၂၆ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၃၈,၃၆၈ ယောက်၊ သေဆုံးသူ ၃,၀၈၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရ သူပေါင်း ၁၂၂,၇၈၁ ယောက်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၉၀,၄၃၄ ယောက်နဲ့ သေဆုံးသူအယောက် ၇၀၀ ရှိပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၉,၃၆၆ ယောက်နဲ့ ခု ရက်ပိုင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၁၄,၆၄၆ ယောက်နဲ့ သေဆုံးသူအရေအတွက် ၇၅ ယောက် ရှိနေပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၅၅၁ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၇၆ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။

ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၄၆၀ ယောက်နဲ့  ၄၄ ယောက်စီ အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up