A d v e r t i s e m e n t With Us

အကယ်ဒမီထွက် ကစားသမားများကို မြေတောင်မြှောက်ပေးနိုင်ခဲ့သဖြင့် ဂုဏ်ယူဟု လမ်းပတ်ပြော

အကယ်ဒမီထွက်ကစားသမားတွေ ထွက်ပေါ်လာအောင် လုပ်ဆောင်နိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူတယ်လို့ ချဲလ်ဆီး နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဖရန့်လမ်းပတ်က ပြောပါတယ်။

နည်းပြလမ်းပတ်ဟာ ဝိုင်ကွမ်ဘီကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်အပြီးမှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အသင်းပိုင်ရှင် အေဗရာမိုဗစ်ကတော့ မဖြစ်မနေ ပြောင်းလဲမှုလုပ်ဆောင်ရမယ့် အခိုက်အတန့်ကြောင့်သာ လမ်းပတ်နဲ့ လမ်းခွဲလိုက်တာဖြစ်ပြီး အသင်းအပေါ် စွမ်းဆောင်ခဲ့မှုတွေကို ကျေးဇူးတင်ကြောင်းနဲ့ အသင်းရဲ့ စံပြကစားသမားအဖြစ် အမြဲတမ်းကြိုဆိုနေမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

နည်းပြလမ်းပတ်ကလည်း အသင်းနဲ့ပရိသတ်တွေအပေါ် ကျေးဇူးတင်စကားဆိုခဲ့ပြီး ပြီးခဲ့တဲ့ ၁၈ လ ကာလတာအတွင်းမှာ အားပေးခဲ့ကြတာကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် သူလုပ်ဆောင်ခဲ့တာတွေအတွက် ဂုဏ်ယူပြီး အထူးသဖြင့် အကယ်ဒမီက လူငယ်တွေကို အသင်းကြီးဆီ ပို့ဆောင်ပေးပြီး မြေတောင်မြှောက်ပေးခဲ့တဲ့အပေါ် ဂုဏ်ယူတယ်လို့လည်း လမ်းပတ်က ပြောပါတယ်။

နည်းပြလမ်းပတ်ဟာ မေဆန်မောင့်၊ ရီဆီဂျိမ်းစ်၊ တိုမော်ရီ၊ ဂီလ်မော၊ ဟန်ဆန်အိုဒွိုင်း အစရှိတဲ့ ကစားသမားတွေကို ပွဲထွက်ခွင့်ပေးခဲ့တဲ့ နည်းပြတစ်ဦး ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up