A d v e r t i s e m e n t With Us

Billboard Music Awards တေးဂီတဆုပေးပွဲ မေ ၂၃ ကျင်းပမည်

အခုနှစ်ရဲ့ နာမည်ကျော် Billboard Music Awards တေးဂီတဆုပေးပွဲကို လာမယ့် မေ ၂၃ ရက်မှာ ကျင်းပသွားဖို့ရှိပါတယ်။

ဂီတနယ်ပယ်ရဲ့ ထင်ရှားကျော်ကြားတဲ့ နာမည်ကြီးဆုပေးပွဲတခုဖြစ်တဲ့ ဒီဆုချီးမြှင့်ပွဲ အခမ်းအနားကို လွန်ခဲ့တဲ့ ၁၉၉၀ ပြည့်နှစ်ကတည်းက စတင်ပေးခဲ့တာဖြစ်ပြီး လက်ရှိ အချိန်မှာတော့ ဆယ်စုနှစ် ၃ စုတိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အတွက် ဆုပေးပွဲအခမ်းအနားကိုတော့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ပုံမှန်ကျင်းပနေချိန်အတိုင်း ဧပြီလမှာ မကျင်းပနိုင်ဘဲ ရက်ရွှေ့ဆိုင်းခဲ့ရကာ အောက်တိုဘာလမှာ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုတော် Kelly Clarkson က အစီအစဉ်တင်ဆက် သူအနေနဲ့ ပါဝင်ပြီး NBC ရုပ်သံလိုင်းကနေ ၃ နာရီကြာ ထုတ်လွှင့်ခဲ့တဲ့ အဲဒီဆုချီးမြှင့်ပွဲ အခမ်းအနားကတော့ ကိုဗစ်-၁၉ အန္တရာယ်ကြောင့် ပရိသတ်မပါဘဲ ကျင်းပခဲ့ရတဲ့ ပွဲတပွဲအနေနဲ့ မှတ်တမ်းဝင် သွားခဲ့ပါတယ်။

ပွဲထွက် အဆိုတော်တွေအနေနဲ့ Kelly Clarkson နဲ့အတူ တခြား နာမည်ကျော် အဆိုတော်တွေ ဖြစ်ကြတဲ့ Pentatonix and Sheila E၊ Sia၊ Kane Brown, Swae Lee, Khalid၊ Alicia Keys၊ Luke Combs၊ Post Malone and Tyla Yaweh၊ Brandy၊ John Legend၊ Bad Bunny, Ivy Queen and Nesi၊ Doja Cat၊ Garth Brooks၊ Saint Jhn၊ Demi Lovato၊ BTS၊ En Vogue တို့ကလည်း သီဆိုဖျော်ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဆုပေးပွဲမှာ ဆု ၁၆ ဆုနဲ့ ဆန်ခါတင်စာရင်းမှာ အများဆုံးစာရင်းဝင်ခဲ့တဲ့ အမေရိကန်အဆိုတော် Post Malone က Top Artist ၊ Top Male Artist ၊ Top Hot 100 Artist ဆုတွေ အပါအဝင် ဆုပေါင်း ၉ ဆုတိတိကို သိမ်းပိုက်ရယူသွားခဲ့တာဖြစ်ပြီး ဆယ်ကျော်သက်အဆိုတော် ကောင်မလေး Billie Eilish ကတော့ Top Female Artist၊ Top Billboard 200 Album နဲ့ Top New Artist ဆု ၃ ဆု ရရှိခဲ့ပါတယ်။

ပရိသတ်တွေ ရွေးချယ်တဲ့ Billboard Chart Achievement ဆုကိုတော့ One Direction အဖွဲ့ဝင်ဟောင်း Harry Styles က ရရှိသွားပြီး Top Social Artist ဆုကိုတော့ ကိုရီးယား ကေပေါ့ပ်အမျိုးသားတေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ BTS က ရရှိသွားခဲ့ပါတယ်။

ပေါ့ပ်အမျိုးသားတေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ Jonas Brothers အဖွဲ့ကတော့ Top Radio Songs Artist၊ Top Duo/Group နဲ့ Top Radio Song Award ဆု ၃ ဆု ရရှိခဲ့ပါတယ်။

အမေရိကန်အမျိုးသမီးရက်ပ်အဆိုတော် Lizzo ကတော့ ဆန်ခါတင်စာရင်းမှာ ဆု ၁၁ ဆုစာရင်းဝင်ခဲ့ပေမယ့် Top Song Sales Artist ဆု ၁ ဆုသာ ရရှိခဲ့ပါတယ်။

ဆန်ခါတင်ဆု၁၂ ဆုစာရင်းဝင် အမေရိကန်အဆိုတော် Khalid ကတော့ Top R&B Artist၊ Top R&B Male Artist ဆုတွေအပါအဝင် ဆု ၅ ဆု ရရှိခဲ့ပြီး အခုနှစ်မှာမှ ဆန်ခါတင်ဆု ၁၃ ဆုနဲ့ ပထမဆုံး ဆန်ခါတင်စာရင်းဝင်ခဲ့သူ အဆိုတော် Lil Nas X က Top Hot 100 Song၊ Top Streaming Song နဲ့ Top Selling Song ဆုတွေ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

Top R&B Female Artist ဆုကိုတော့ အဆိုတော် Cardi B က ရရှိသွားခဲ့ပြီး အမျိုးသမီး အဆိုတော် P!NK ကတော့ Top Touring Artist ဆုကို ရရှိခဲ့ပါတယ်။       လတ်တလောမှာတော့ အခုနှစ်ရဲ့ ဆန်ခါတင်စာရင်းဝင် အနုပညာရှင်တွေကိုတော့ ထုတ်ပြန်ကြေညာထားခြင်း မရှိသေးဘဲ ဒီစာရင်းမှာ ဘယ်သူတွေ ပါဝင်လာမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up