A d v e r t i s e m e n t With Us

အိန္ဒိယစစ်တပ်နှင့် တရုတ်စစ်တပ် နှစ်နိုင်ငံနယ်စပ်တွင် ရင်ဆိုင်တွေ့

ဟိမဝန္တာတောင်တန်း အရှေ့ပိုင်းက အိန္ဒိယနဲ့ တရုတ် အငြင်းပွား နယ်စပ်မှာ နှစ်နိုင်ငံ စစ်တပ်တွေ အရင်အပတ်က ရင်ဆိုင်တွေ့ခဲ့ကြတယ်လို့ အိန္ဒိယ စစ်တပ်က ဇန်နဝါရီ ၂၅ ရက်မှာ ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ပေးစရာ သတင်းအချက်အလက် မရှိသေးပေမယ့် နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းဖို့ အိန္ဒိယဘက်က လက်တွေ့ကျကျ ထိန်းထိန်း သိမ်းသိမ်း လုပ်ဆောင်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျင်းက အိန္ဒိယအစိုးရကို အဲဒီနေ့မှာပဲ တိုက်တွန်းလိုက်ပါတယ်။

နျူကလီးယား လက်နက်ပိုင်ရှင် အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယတို့ဟာ ဧပြီလ တုန်းကလည်း ဟိမဝန္တာ အနောက်ပိုင်းမှာ အခြေအနေ တင်းမာခဲ့ပါသေးတယ်။ အဲဒီတည်းက ၂နိုင်ငံ နယ်စပ် မိုင် ၂၃၅၀ တလျှောက်မှာ စစ်အင်အားတွေ တိုးမြှင့်ချထားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up