လော့ဒေါင်းကာလ ပြီးဆုံးချိန်မှာ နည်းပြ လမ်းပတ်နဲ့ ညစာအတူ စားနိုင်ဖို့ မျှော်လင့်တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
လမ်းပတ်ဟာ ချဲလ်ဆီးနည်းပြရာထူးကနေ တနင်္လာနေ့က ထုတ်ပယ်ခံခဲ့ရပြီး နည်းပြ ဂွါဒီယိုလာက လမ်းပတ်ကို အားပေးစကားဆိုခဲ့တာပါ။
ရလဒ်ကောင်းအောင် မစွမ်းဆောင်နိုင်ခဲ့ရင် အစားထိုးခံရမှာဖြစ်ပြီး အသင်းရဲ့ ဆုံးဖြတ်ချက်အပေါ် လေးစားကြောင်း၊ လော့ဒေါင်းကာလ ပြီးဆုံးချိန်မှာ လမ်းပတ်နဲ့ စားသောက်ဆိုင်မှာ တွေ့ချင်သေးကြောင်း နည်းပြ ဂွါဒီယိုလာက ပြောခဲ့တာပါ။
လက်စတာနည်းပြ ရော်ဂျာကတော့ လမ်းပတ်အတွက် စိတ်မကောင်းဖြစ်မိပြီး အသင်းဘက်က အခုထက် အချိန်ပိုပေးသင့်ကြောင်း သုံးသပ်ပါတယ်။
အလားတူ ခရစ္စတယ်ပဲလေ့နည်းပြ ရွိုင်းဟော့ဆန်နဲ့ အာဆင်နယ်နည်းပြ အတီတာတို့ကလည်း လမ်းပတ်ကို အချိန်တစ်ခုပေးသင့်ကြောင်း သုံးသပ်ကြပါတယ်။