Monday, May 29, 2023
HomeLead Storyတူရကီသင်္ဘောသားများကို ပြန်ပေးဆွဲသွားသည့် ပင်လယ်ဓားပြများနှင့် အဆက်အသွယ်မရ

တူရကီသင်္ဘောသားများကို ပြန်ပေးဆွဲသွားသည့် ပင်လယ်ဓားပြများနှင့် အဆက်အသွယ်မရ

ဂီနီပင်လယ်ကွေ့ထဲမှာ တူရကီ သင်္ဘောသားတွေ ပါတဲ့ ကုန်တင်သင်္ဘောကို စီးနင်းပြီး သင်္ဘောသား ၁၅ ယောက်ကို ဖမ်းခေါ်သွားတဲ့ ပင်လယ်ဓားပြတွေဆီက ဘာအဆက်အသွယ်မှ မရသေးဘူးလို့ တူရကီနိုင်ငံခြားရေးဝန်ကြီး မယ်ဗ်လွတ်ကာဗူစိုဂလူက ဇန်နဝါရီ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။

လာဂို့စ်မြို့ကနေ ကိပ်တောင်းမြို့ဆီ ဦးတည်ခုတ်မောင်းလာတဲ့ သင်္ဘောပေါ်က တူရကီ သင်္ဘောသား ၁၅ ယောက်လည်း ပြန်ပေးဆွဲခံခဲ့ရတာပါ။ လက်နက်ကိုင် တိုက်ခိုက်သူတွေ သင်္ဘောပေါ် တက်လာချိန်မှာ အဇာဘိုင်ဂျန် နိုင်ငံသား သင်္ဘောသား ၁ ယောက် သေဆုံးပါတယ်။

လိုက်ဘေးရီးယား အလံလွှင့်ထားတဲ့ ကုန်သင်္ဘောဟာ ဂေဘွန်နိုင်ငံမှာ ကျောက်ချခဲ့တာမို့ ဂေဘွန်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေက အရာရှိတွေနဲ့ ဆက်သွယ်နေခဲ့တယ်လို့ တူရကီ အစိုးရက ပြောပါတယ်။

မိုဇက် ကုန်သင်္ဘောဟာ ဆောင်တိုမေကျွန်းရဲ့ ကမ်းလွန်ပင်လယ်ပြင် မိုင် ၁၀၀ လောက် အကွာမှာ ဇန်နဝါရီ ၂၃ ရက်က တိုက်ခိုက်ခံရတာပါ။

နိုင်ငံပေါင်း တဒါဇင်ကျော်နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ပင်လယ်ကွေ့ထဲမှာ ပင်လယ်ဓားပြတွေဟာ မနှစ်က စီးနင်းမှု ၂၂ ကြိမ်အတွင်း သင်္ဘောသား ၁၃၀ ကို ပြန်ပေးဆွဲထားခဲ့တယ်လို့ နိုင်ငံတကာ ပင်လယ်ရေကြောင်းဗျူရိုက ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular