Friday, June 9, 2023
HomeLead Storyပွဲဆက်နေသော်လည်း ပွဲပန်းခြင်းမရှိဟု မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ပြော

ပွဲဆက်နေသော်လည်း ပွဲပန်းခြင်းမရှိဟု မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ပြော

ဘောလုံးပွဲတွေ ဆက်နေပေမယ့် ပွဲပန်းတာမျိုး မရှိဘူးလို့ မန်ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ပြောပါတယ်။

ဖာနန်ဒက်စ်ဟာ တနင်္ဂနွေနေ့က ကစားသွားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ လူစားဝင်ကစားခဲ့ပေမယ့် နောက်ကျအနိုင်ဂိုးသွင်းပြီး အဓိကပြိုင်ဘက် လီဗာပူးကို ကျော်ဖြတ် အနိုင်ယူခဲ့ပါတယ်။

ပွဲဆက်များနေတာကြောင့် ပွဲပန်းနေတယ်လို့ သုံးသပ်ကြတဲ့အပေါ် ဖာနန်ဒက်စ်က ပြန်လည်ဖြေရှင်းခဲ့တာပါ။ 

“အသက် ၂၆ နှစ်အရွယ် လူတစ်ယောက်မှာ ပွဲပန်းတဲ့ဒဏ် မခံစားရသေးပါဘူး။ ကျနော့်အသင်း ၃၀၊ ၃၂ နှစ်လောက်ရှိလာမှသာ ၅ ရက် တပွဲနှုန်းလောက် ကစားနိုင်တော့တာမျိုး ဖြစ်နိုင်ပါတယ်” လို့ ဖာနန်ဒက်စ်က ပြောပါတယ်။

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို စရောက်ကတည်းက စုစုပေါင်း ၄၅ ဂိုးမှာ ပါဝင်ပတ်သက်ခဲ့သူ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular