A d v e r t i s e m e n t With Us

မက္ကဆီကိုတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁ သိန်းခွဲခန့်ရှိလာ

မက္ကကိုနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးသူ ၁ သိန်းခွဲနီးပါး ရှိလာပြီဖြစ်ပြီး ကမ္ဘာ့ ကူးစက်ခံသေဆုံးသူ အများဆုံး ငါးနိုင်ငံ စာရင်းထဲမှာ ပါနေပါပြီ။

 နိုင်ငံလူဦးရေချင်း နှိုင်းစာရင် အဆမတန် ပိုများတဲ့ အိန္ဒိယနိုင်ငံက ကူးစက်ခံ သေဆုံးသူ ဦးရေကို မီခါနီးထိ ဖြစ်လာနေတာပါ။

အစဉ်အလာ ဈာပနတွေလည်း ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ မကျင်းပနိုင်ဘဲ မြို့တော်ရဲ့ သင်္ချိုင်းတွေမှာ မီးခိုးမည်းတွေ အူတက်နေပါတယ်။

အာဏာပိုင်တွေရဲ့ ထပ်ခါတလဲ ဆော်သြချက်တွေကို အာခံရင်း ပြည်သူတွေဟာ ခရစ္စမတ်နဲ့ နှစ်သစ်ကူး ပွဲတော်တွေကို ဆင်နွှဲခဲ့ကြပါတယ်။

 အဲဒီနောက် ဇန်နဝါရီလထဲမှာ ကူးစက်နှုန်းနဲ့ သေဆုံး စံချိန်တွေ အတော်များများ မြင့်တက်ခဲ့ တယ်လို့ တရားဝင် ကိန်းဂဏန်းတွေက ပြထားပါတယ်။

 မက္ကဆီကို သမ္မတဟာလည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံထားရပြီး ရောဂါလက္ခဏာ အသေးစားတွေကို ခံစားနေရလို့ ဆေးကုသခံနေတယ်လို့ မီဒီယာတွေက ဇန်နဝါရီ ၂၅ ရက်မှာ အသီးသီး ဖော်ပြကြပါတယ်။

 ဇန်နဝါရီ  ၂၅ မွန်းလွဲ ၄ နာရီထိ အတည်ပြုချက်အရ ကူးစက်ခံ သေဆုံးသူ ဦးရေ ၁၄၉၆၁၄  ဦး ရှိပြီး စုစုပေါင်း ကူးစက်ခံဦးရေ ၁ ဒသမ ၇၅သန်း ကျော်နေပြီလို့ အာဏာပိုင်တွေက အသိပေး ထားပါတယ်။

 ဒါပေမဲ့ တကယ် ကူးစက်ခံဦးရေနဲ့ ကူးစက်ခံ သေဆုံးသူ ဦးရေဟာ တရားဝင် ကိန်းဂဏန်းတွေထက် သိသိသာသာ ပိုများနိုင်တယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up