A d v e r t i s e m e n t With Us

နယ်သာလန်တွင် ကိုရိုနာကန့်သတ်ချက် ဆန့်ကျင်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ ဖြိုခွင်း

နယ်သာလန်နိုင်ငံရဲ့မြို့တော် အမ်စတာဒမ်ရဲ့မြို့လယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေး ကန့်သတ်ချက်တွေအပေါ် ဆန့်ကျင်ဆန္ဒပြကြတဲ့သူတွေကို ဇန်နဝါရီ ၂၄ ရက်မှာ ရဲတပ်ဖွဲ့က ရဲတွေက ရေ အမြောက်တွေသုံးပြီး သုံးခဲ့ကြပါတယ်။

 လူမစုရ တားမြစ်ပိတ်ပင်ချက်ကို ချိုးဖောက်တဲ့ ပြတိုက်ရင်ပြင်က ဆန္ဒပြပွဲအတွင်း ကျောက်ခဲတွေ မီးပန်းတွေနဲ့ ပစ်ခတ်နေတဲ့ လူအယောက် ၁၀၀ ကျော်ကို ရဲက ဖမ်းခဲ့ပါတယ်။

 ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းမှာ ပထမဆုံးအနေနဲ့ ညမထွက်ရအမိန့်ကို အစိုးရက စကျင့်သုံးပြီးတဲ့ နောက်တနေ့မှာ ခုလိုဆန္ဒပြခဲ့ကြတာပါ။

 ကာလကြာရှည် အသွားအလာ ပိတ်ဆို့ကန့်သတ်ထားတဲ့ လော့ဒေါင်းကို စိတ်ပျက်နေတဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေက ဆန္ဒပြပွဲတွေကို စီစဉ်ခဲ့တာဖြစ်ပြီး လော့ဒေါင်းတွေ ရပ်ပေးလို့ ရေးထားတဲ့ ပိုစတာတွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။

 အဓိကရုဏ်းနဲ့ ရောဂါကူးစက်မှာ စိုးရိမ်လို့ မြို့တော်ဝန်က ရင်ပြင်ကို ဘေးသင့်နယ်မြေအဖြစ် သတ်မှတ်ပြီး ရဲတွေကိုလည်း လက်ဦးမှုယူပြီး လက်နက်ပါတဲ့ လူတွေအတွက် လက်နက်သုံးဖို့ အခွင့်အာဏာပေးခဲ့ပါတယ်။

  ဗြိတိန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဗီဇကွဲအသစ်ကို တွေ့အပြီး ကူးစက်မှုအသစ်တွေ တိုးလာမယ့်အချိန်မှာ ညမထွက်ရ အမိန့်ထုတ်ဖို့ လွှတ်တော်အတွင်း အရင်အပတ်က အတည်ပြု မဲပေးခဲ့တာပါ။

 နယ်သာလန်မှာ ကူးစက်မှုအသစ်တွေ လျော့လာတာ ၁ လလောက် ရှိပြီဖြစ်ပေမဲ့ တနင်္ဂနွေ နေ့ကတော့ အသစ်ကူးစက်ခံရသူ ၄၉၂၄ ယောက် ရှိခဲ့ပါတယ်

A d v e r t i s e m e n t With Us

More News
Up