ကင်ညာနိုင်ငံတွင် စစ်သွေးကြွအုပ်စု၏ ပစ်ခတ်မှုကြောင့် ၅၉ ဦး သေဆုံး

စက်တင်ဘာ ၂၁ ရက်က ကင်ညာနိုင်ငံရဲ့ မြို့တော် နိုင်ရိုဘီမှာ ဆိုမာလီအစ္စလာမ်မစ် စစ်သွေးကြွအုပ်စုတစုရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူပေါင်း ၅၉ ဦး သေဆုံးသွားပါတယ်။ ဈေးဆိုင်ပေါင်း ၈၀ ကျော်ရှိတဲ့ ၅ ထပ်ဈေးကြီးအတွင်း ၀င်ရောက်ပစ်ခတ်ခဲ့တာပါ။ ဒီပစ်ခတ်တိုက်ခိုက်မှုကို သူတို့လုပ်တာပါလို့ ဆိုမာလီယာစစ်သွေးကြွေ အယ်လ်ရှာဘတ်အဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပြီး ဆိုမာလီယာနိုင်ငံအတွင်းမှာ ကင်ညာစစ်တပ်ဘက်က ၀င်ရောက်တိုက်ခိုက်တာကို လက်စားချေတာလို့ ပြောပါတယ်။ ၂၀၁၀ ခုနှစ်က စပြီး ကင်ညာစစ်သားပေါင်း ၄ ထောင်ဟာ ဆိုမာလီယားနိုင်ငံအတွင်းကို ၀င်ရောက်ပြီး စစ်သွေးကြွတွေကို တိုက်ခိုက်နေခဲ့ပါတယ်။ စက်တင်ဘာ ၂၁ ရက်က အနောက်ဘက်တံခါး (Westgate) အမည်ရှိတဲ့ အဆင့်မြင့်ဈေးကြီးအတွင်း ၀င်ရောက် တိုက်ခိုက်ပြီး လူအများအပြားကိုလည်း တန်ဆာခံအဖြစ် ဖမ်းဆီးထားပါတယ်။ ကင်ညာအစိုးရဘက်က စစ်သားတွေ တန်ပြန်တိုက်ခိုက်နေပြီး ဈေးကြီးအတွင်း ပိတ်မိနေသူပေါင်း ၁ ထောင်ကျော်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဈေးကြီးအတွင်း တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာတွေကတဆင့် စစ်သွေးကြွသေနတ်သမားတွေကို တွေ့မြင်နေရတယ်လို့လည်း ဆိုပါတယ်။ စစ်သွေးကြွသေနတ်သမားတွေဟာ စုစုပေါင်း ၁၀ဦးရှိပြီး တချို့က အသက် ၁၈ နှစ်ဝန်းကျင် လူငယ်တွေ ဖြစ်တယ်လို့ ပြောပါတယ်။ ပြည်ထဲရေးဝန်ကြီးကတော့ အခြေအနေကို ထိန်းသိမ်းနိုင်နေပြီလို့ ပြောပါတယ်။ စက်တင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းအထိ သေနတ်ပစ်ခတ်တာတွေ ဆက်တိုက် ကြားနေရတုန်းပဲလို့ မျက်မြင်တွေက ပြောပါတယ်။ သေနတ်သမားတွေလက်ထဲက ဓားစာခံအများစုကို ကယ်တင်နိုင်ပြီး ဈေးဝယ်ကုန်တိုက်လည်း ပြန်သိမ်းနိုင်ပြီလို့ အစိုးရက ဆိုပေမယ့် ကုန်တိုက်ထဲမှာ သေနတ်သမားတွေက ဓားစာခံတချို့နဲ့ အတူ ဆက်ရှိနေပုံရပါတယ်။ လူပေါင်း ၆၈ ဦး သေဆုံးခဲ့တဲ့ ၀က်စ်ဂိတ်ကုန်တိုက် ၀င်စီးမှု ဖြစ်ခဲ့တဲ့နောက် ကုန်တိုက်ကို ပြန်သိမ်းနိုင်ဖို့ အတတ်နိုင်ဆုံးနည်းလမ်းတွေနဲ့ ကြိုးစားနေတယ်လို့ ကင်ညာစစ်တပ်က အစောပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ ကုန်တိုက်ကို ၀င်စီးထားတဲ့ အယ်ရှာဘတ်အဖွဲ့ဟာ အယ်ကိုင်ဒါးအဖွဲ့ခွဲတခု ဖြစ်ပါတယ်။ ဆိုမာလီယား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ ကင်ညာနိုင်ငံအနေနဲ့ တပ်တွေကို ဆိုမာလီယားမြေပေါ်ကနေ ပြန်မရုပ်သိမ်းပေးရင် ကင်ညာမြေပေါ်မှာ တိုက်ခိုက်မယ်လို့ အရင်ကတည်းက ခြိမ်းခြောက်ထားတဲ့အဖွဲ့ ဖြစ်ပါတယ်။ Read more

More News
Up