တိုင်ဖုန်းမုန်တိုင်းကြောင့် တရုတ်နိုင်ငံတွင် ၂၅ ဦး သေဆုံး

ဟောင်ကောင်နဲ့ တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းခရိုင်မှာ အူဆာဂီအမည်ရှိတဲ့ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း စက်တင်ဘာ ၂၂ ရက်က ၀င်ရောက်တိုက်ခတ်သွားတဲ့အတွက် အနည်းဆုံး လူ ၂၅ ဦး သေဆုံးသွားသလို၊ ဟောင်ကောင်မှာလည်း ၁၇ ဦး ဒဏ်ရာရသွားပါတယ်။ ၁ နာရီကို ၁၁၀ မိုင်နှုန်းနဲ့ တိုက်ခိုက်သွားတဲ့ မုန်တိုင်းဟာ အခုနှစ်အတွင်း အနောက် ပစိဖိတ်ဒေသမှာ ကြုံရတဲ့ အားအပြင်းဆုံးမုန်တိုင်း ဖြစ်ပါတယ်။ မုန်တိုင်းကြောင့် တရုတ်နိုင်ငံတောင်ပိုင်းမှာ သစ်ပင်တွေ အမြစ်က ကျွတ်ထွက်ပြီး ကားတွေ လမ်းမတွေပေါ်ကနေ လွှင့်ထွက်ကုန်ပါတယ်။ လျှပ်စစ်မီးတွေ ပြက်တောက်နေပါတယ်။ ဟောင်ကောင်မှာလည်း လေပြင်းနဲ့ ရေကြီးမှုတွေ ရင်ဆိုင်နေရပါတယ်။ တရုတ်ပြည်မကြီးက ဂွမ်ဒေါင်းခရိုင်မှာ အိမ်ပေါင်း ၇ ထောင်ကျော် ပျက်စီးသွားပြီး စီးပွားရေးအရ ဆုံးရှုံးမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၅၃၀ နီးပါးရှိတယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။ မုန်တိုင်း လမ်းကြောင်းတလျှောက်က ရထားခရီးစဉ်တွေနဲ့ လေယာဉ်ခရီးစဉ်တွေ ရာနဲ့ ချီပြီး ဖျက်သိမ်း၊ ဆိုင်းငံ့ထားရသလို ကျောင်းတွေလည်း ပိတ်ထားရပါတယ်။ ဟောင်ကောင် ငွေကြေးဈေးကွက်ကိုလည်း ဒီနေ့ မနက်ပိုင်းမှာ ပိတ်ထားရတုန်းပါပဲ။ စက်တင်ဘာ ၂၀ ရက်တုန်းက ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်ကြား လူဇုန်ရေလက်ကြားကို မုန်တိုင်း ဖြတ်သန်းတုန်းက ဆက်သွယ်ရေးတွေ ပြက်တာက်ခဲ့သလို လူ ၂ ဦး သေဆုံးခဲ့ပါတယ်။ ဟောင်ကောင်ကို ၀င်ရောက်တိုက်ခတ်တဲ့ မုန်တိုင်းတွေထဲမှာ နှစ်ပေါင်း ၃၀ အတွင်း အင်အားအကြီးမားဆုံးအဖြစ် သတ်မှတ်ထားတဲ့ ယူဆာဂီ တိုင်ဖွန်းမုန်တိုင်းဟာ ဟောင်ကောင် ဘက်ကို ဦးတည်ရွေ့လျားနေပါတယ်။ ဟောင်ကောင်မိုးလေ၀သဌာနက ယူဆာဂီမုန်တိုင်းကြာင့် ရေကြီးရေလျှံမှုတွေ နဲ့ ဒီလှိုင်းကြီးတွေ ဖြစ်ပေါ်လိမ့်မယ်လို့ သတိပေးထားပါတယ်။ တရုတ်နိုင်ငံကိုလည်း တိုင်ဖွန်းဝင်ရောက်မှာ ဖြစ်တဲ့အတွက် တရုတ်အစိုးရဘက်က မုန်တိုင်းလမ်းကြောင်းပေါ် ကျရောက်မယ့် နေရာဒေသတွေမှာ အကြီးအကျယ် သတိပေးနေပြီး ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နေပါတယ်။ ဖူကျင့်ခရိုင်အတွင်းမှာတော့ လူပေါင်း ၈ သောင်းကို ရွှေ့ပြောင်းထားတယ်လို့ ဆိုပါတယ်။ လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းထားသလို သင်္ဘောတွေကိုလည်း မထွက်ဖို့ တားမြစ်ထားပါတယ်။ တရုတ်ပြည်အတွင်းကို ၀င်ရောက်တဲ့အခါ တိုင်ဖွန်းဟာ ၁ နာရီကို ၁၀၃ မိုင်အထိ တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။ ယူဆာဂီတိုင်းဖွန်းဟာ စက်တင်ဘာ ၂၁ ရက် ဖိလစ်ပိုင်နဲ့ တိုင်ဝမ်ကို ၀င်ရောက်ခဲ့ရာမှာ စုစုပေါင်း လူ ၂ ဦး သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ Read more

More News
Up