A d v e r t i s e m e n t With Us

တိုက်ပွဲ၌ ကျဆုံးခဲ့သည့် များ၏ ဈာပနကျင်းပ

အီရတ်နိုင်ငံအရှေ့ပိုင်း ဆာလာဟူဒင် ပြည်နယ်ထဲမှာ ဇန်နဝါရီ ၂၃ ရက်က အီရတ် ပြည်သူ့စစ်တွေနဲ့ အိုင်အက်စ်စစ်သွေးကြွတွေကြား တိုက်ပွဲတွေဖြစ်ခဲ့အပြီး ကျဆုံးစစ်သည်တွေ အတွက် နာဂျက်ဖ်မြို့မှာ ဇန်နဝါရီ ၂၄ ရက်က ဈာပနအခမ်းအနား ကျင်းပခဲ့ပါတယ်၊

အီရတ်စစ်တပ်အဆိုအရ PMF ပြည်သူ့စစ်အဖွဲ့ရဲ့ စစ်စခန်းကို အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေ တိုက်ခိုက်ခဲ့အပြီး စစ်ဦးစီးမှူး တယောက်နဲ့ သူ့တပ်သားတွေ အတော်များ များ ကျဆုံးခဲ့ပါတယ်။

ဆာလာဟူဒင်ပြည်နယ်မှာ ၂၀၁၆ ခုနှစ်က အိုင်အက်စ်တွေ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်လာအပြီး အိုင်အက်စ်တွေ လက်ထဲ ပြန်မကျရအောင် ဟန့်တားဖို့ PMF ပြည်သူ့စစ်တွေကို ပြည်နယ်ထဲမှာ ထားရှိခဲ့တာပါ။

 ၂၀၁၇ မှာ အိုင်အက်စ်တွေရဲ့ ပိုင်နက်တွေကို နှိမ်နင်းထိန်းချုပ်ခဲ့ပေမဲ့ လူမသိအောင် မြှုပ်ထားတဲ့ အဖွဲ့ဝင်တွေက အီရတ်တလွှားမှာ ကြိုးကြားကြိုးကြား တိုက်ခိုက်နိုင်စွမ်းရှိနေဆဲ ဖြစ်ပါတယ်။

 မြို့တော် ဘဂ္ဂဒက်က လူစည်တဲ့ဈေးကို ဇန်နဝါရီ ၂၁ ရက်က တိုက်ခိုက်တာလည်း သူတို့ပဲလို့ အိုင်အက်စ်တွေက အခိုင်အမာ ကြေညာတာဝန်ယူခဲ့ပါတယ်။

 ဒါဟာ အီရတ်နိုင်ငံမှာ ၃ နှစ်အတွင်း ပထမဆုံး အကြီးစား အသေခံ ဗုံးခွဲမှုလို့ အီရတ် အာဏာပိုင်တွေက ပြောထားပြီး အိုင်အဲ့စ်တွေ ပြန်လှုပ်ရှားလာမယ့် ဖြစ်နိုင်ချေ လက္ခဏာလို့လည်း ရည်ညွှန်းခဲ့ကြပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up