ကချင်ပြည်နယ် ချီဖွေမြို့မှာ မကြာခင်ဖွဲ့စည်းမယ့် အန်အယ်လ်ဒီပါတီ ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ထောက်ခံကြောင်းပြသတဲ့အနေနဲ့ နေအိမ်အချို့မှာ ပါတီအလံတွေ လွှင်ထူခဲ့ကြတယ်လို့ သိရပါတယ်။
မြို့ပေါ်ရစ်လော်ရပ်ကွက်ဒေသခံတဦးက “လက်ရှိအစိုးရလုပ်ခဲ့တာကို ပြန်ကြည့်ရင်ပြုပြင်ပြောင်းလဲခဲ့တာတွေ အရမ်းအားရပြီး၊ ပြည်သူတွေ ရွေးချယ်လို့ တက်သွားတဲ့ အမေစုဦးဆောင်မဲ့ အစိုးရအဖွဲ့ အသစ်ကိုလည်း ရွေးချယ်ပြီးသွားပြီလို့ ကြားသိရတဲ့အတွက် ပြည်သူတစ်ယောက်အနေနဲ့ ဝမ်းသာကြိုဆိုဝန်းရံချင်လို့ အလံလွှင့်ထူခဲ့တာ” လို့ ပြောပါတယ်။
ချီဖွေမြို့နယ် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဒေါင်နောက “ပြည်သူတွေရဲ့နိုင်ငံရေးရေချိန်မြင့်မားလာကာ လိုလိုလားလားနဲ့ အခုလို ထောက်ခံအားပေးတာကို ကြိုဆိုသလို ပါတီအတွက်ရော ပြည်သူတွေအတွက်ပါ ၀မ်းသာဂုဏ်ယူမိတယ်” လို့ ပြောပါတယ်။ ချီဖွေမြို့နယ်မှာ အရင်က ပြည်ခိုင်ဖြိုးပါတီနဲ့ ဒေသခံပါတီတွေကသာ အနိုင်ရရှိခဲ့တာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာမှ ပြည်နယ်လွှတ်တော်နေရာအတွက် လူငယ်အမျိုးသမီးလည်းဖြစ်တဲ့ ဒေါ်ဒေါင်နောက ပထမဦးဆုံးအကြိမ်အဖြစ် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဇုန်းကျန်း CJ