ဂျီအက်စ်အမ် ဆင်းကတ် ကျပ် ၁၅၀၀ ဖြင့် ပထမဦးဆုံးအကြိမ် ချပေး
DVB
·
September 23, 2013
ဆက်သွယ်ရေးဝန်ကြီးဌာနဟာ မိုဘိုင်းဖုန်းဆင်းကတ်တွေကို ခွဲတမ်းနဲ့ မဲနှိုက်ရောင်းချပေး နေရာမှာ စက်တင်ဘာလအတွက်ခွဲတမ်းထဲမှာ ပထမဦးဆုံးအကြိမ်အဖြစ် 3G ဂျီအက်စ်အမ် (WCDMA) ဆင်းကတ် ၅၂၀၀၀ အပါအ၀င် ဆင်းကတ် စုစုပေါင်း ၃ သိန်း ၆ သောင်း ကို ချပေးသွားမယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကြေညာပါတယ်။
ဆင်းကတ်အမျိုးအစား အားလုံးကို ကျပ် ၁၅၀၀ နှုန်းနဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး ပြည်နယ်နဲ့ တိုင်းအလိုက် ရန်ကုန်တိုင်းက ဆင်းကတ် ၈ သောင်း ၁ ထောင်ကျော်နဲ့ အများဆုံးခွဲတမ်းရပြီး ကယားပြည်နယ်ကတော့ ဆင်းကတ် ၇၀၀ ပဲ ခွဲတမ်းရပါတယ်။
လောလောဆယ် မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း ၅ သန်းခွဲကျော် တပ်ဆင်ထားပြီး လူ ၁၀၀
မှာ ၉ ဦးလောက်ပဲ မိုဘိုင်းဖုန်း ကိုင်နိုင်ပြီး အာဆီယံနိုင်ငံထဲမှာတောင် အနိမ့်ဆုံးလို့ သိရပါတယ်။ Read more