အမျိုးသမီးများဖိုရမ် ရန်ကုန်တွင် ပထမဆုံးအကြိမ် ကျင်းပ
နော်နိုရင်း
·
September 20, 2013
ပြည်ပအခြေစိုက် မြန်မာအမျိုးသမီးအဖွဲ့တွေနဲ့ ပြည်တွင်းက အမျိုးသမီးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပထမဆုံးအကြိမ်း အမျိုးသမီးများဖိုရမ်ကို ရန်ကုန်မြို့မှာ ကျင်းပနေပါတယ်။
မြန်မာ အမျိုးသမီးတွေရဲ့ ဆွေးနွေးပွဲကို စက်တင်ဘာ ၂၀ ရက်နေ့ကနေ ၂၂ အထိ ၃ ရက်တာ ကျင်းပမှာဖြစ်ပါတယ်။
အမျိုးသမီးတွေစည်းလုံးညီညွတ်မှုကနေဆင့် တိုင်းပြည် တည်ငြိမ် အေးချမ်းဖွံ့ဖြိုးတဲ့ မြန်မာလူ့ဘောင်အဖွဲ့အစည်း တည်ဆောက်သွားနိုင်ဖို့ ရည်ရွယ်ကျင်းပတာလို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ သဘာပဓိ အဖွဲ့ဝင် စောစံငြိမ်းသူက ပြောပါတယ်။
ဒီဖော်ရမ်မှာ ပြည်တွင်းက အမျိုးသမီးတွေ၊ လွတ်တော်က အမျိုးသမီးတွေအပြင် ပြည်ပနဲ့ နယ်စပ်တလျှောက်က အမျိုးသမီး ၄၀၀ လောက် တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အမျိုးသမီးများဖိုရမ်ကျင်းပတာကြောင့် အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးမှာရော လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ကာလာမှာ ပါဝင်လာနိုင်ရေး မျော်လင့်နေတာဖြစ်တယ်လို့ သူက ပြောပါတယ်။
အမျိုးသမီးများဖိုရမ်ကို ပြည်ပအခြစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နဲ့ မြန်မာအမျိုးသမီးများ အဖွဲ့ကွန်ရက်က ပူးတွဲကျင်းပါတာဖြစ်ပါတယ်။
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဟာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနယ်စပ် တိုင်းရင်းသားအမျိုးသမီးအဖွဲ့ ၁၂ ဖွဲ့နဲ့ ၁၉၉၉ ခုက ဖွဲ့စည်းတာဖြစ်ပြီး လက်ရှိ အဖွဲ့ဝင် ၁၃ ဖွဲ့ရှိပါတယ်။ မြန်မာနိုင်ငံအမျိုးသမီးများ ကွန်ရက်ကတော့ အဖွဲ့အစည်း ၃၀ ပါဝင်ပါတယ်။