အခွန် အထူးကင်းလွတ်ခွင့် အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းချက်
DVB
·
September 19, 2013
အမေရိကန်အစိုးရက ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ် ပေးတဲ့ကုန်သွယ်မှုဆိုင်ရ အခွင့်အရေးတရပ်ဖြစ်တဲ့ အခွန်အထူး ကင်းလွတ်ခွင့် Generalized of System Preferences (GSP) ကို မြန်မာနိုင်ငံကို ၁၉၈၉ ခုနှစ်မှစပြီး ပိတ်ပင်ခဲ့တာပါ။
အရင် မြန်မာအစိုးရရဲ့လူ့အခွင့် အရေးဆိုင်ရာ ချိုးဖောက်မှုတွေကြောင့် အခုလို ဒဏ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော် ဝေးကွာခဲ့ရတဲ့ ဒီအခွင့် အရေးကို ပြန်လည်ရရှိဖို့ အနေအထားက ဘယ်လိုအခြေအနေမှာ ရှိနေပါသလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ အမေရိကန်နှင့်မြန်မာ နှစ်နိုင်ငံအစိုးရရဲ့ သက်ဆိုင်ရာဌာန အဖွဲ့အစည်းတို့က ပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
ဒီတွေ့ဆုံမှုမှာ ပါဝင်တက်ရောက်ခဲ့တဲ့ ကုန်သည်အသင်းချုပ်ရုံးက ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကို ရန်ကုန်အခြေစိုက် ဒီဗွီဘီသတင်းထောက် ကိုသိုက်ဇင်က ဆက်သွယ်မေးမြန်းထားပါတယ်။
အပြည့်စုံ နားဆင်ရန်