A d v e r t i s e m e n t With Us

တာလီဘန်များနှင့်ဆွေးနွေးခဲ့သည့်သဘောတူညီချက် ပြန်သုံးသပ်မည်ဟု အိမ်ဖြူတော်ပြော

အမေရိကန်အစိုးရဟာ တာလီဘန်တွေနဲ့ မနှစ်က ဆွေးနွေးထားတဲ့ ငြိမ်းချမ်းရေး သဘော တူညီချက်ကို ပြန်သုံးသပ်မယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် စူလေဗန်က အာဖဂန် အကြံပေးကို တယ်လီဖုန်းနဲ့ ပြောခဲ့တယ်လို့ အိမ်ဖြူတော်က ဇန်နဝါရီ ၂၃ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။  တာလီဘန်တွေဟာ ကတိအတိုင်း အကြမ်းဖက် အုပ်စုတွေနဲ့ ဆက်ဆံရေး ဖြတ်တောက် တာ၊ အာဖဂန် နစ္စတန် နိုင်ငံအတွင်း အကြမ်းဖက်မှု လျှော့ချတာနဲ့ အာဖဂန် အစိုးရနဲ့ တခြား ပတ်သက်သူတွေနဲ့ အဓိပ္ပာယ် ပြည့်ဝတဲ့ ညှိနှိုင်းတာတွေ လုပ်သလားဆိုတာ ပြန်လှန်သုံးသပ်မယ်လို့ ဆူလေဗန်က အာဖဂန် အမျိုးသား လုံခြုံရေး အကြံပေး ဟမ်ဒူလာ မိုဟစ်ဘ်ကို ပြောပါတယ်။  အမေရိကန်နဲ့ တာလီဘန်တို့ ၂၀၂၀ ဖေဖော်ဝါရီမှာ ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်အရ အကြမ်းဖက်မှု တုံ့ပြန်ရေး အာမခံချက်တွေနဲ့ ဖလှယ်ဖို့ အမေရိကန် တပ်တွေဟာ ၂၀၂၁ မေလမှာ အာဖဂန် နစ္စတန် နိုင်ငံထဲကနေ ထွက်ခွာရမှာပါ။  အရင်အပတ်က အာဖဂန်မှာ အမေရိကန်စစ်သည် အင်အား ၂၅၀၀ သာ ကျန်ပြီး ဒါဟာ ၂၀၀၁ ခုနှစ်နောက်ပိုင်း အမေရိကန် စစ်သည် အင်အား အနည်းဆုံး အဆင့်လည်း ဖြစ်ပါတယ်။  ဒါပေမဲ့ အာဖဂန်မှာ အကြမ်းဖက်မှု ပိုတိုးလာနေပြီး အာဖဂန် အစိုးရနဲ့ တာလီဘန်တွေကြား အပစ်အခတ်ရပ်စဲဖို့ နိုင်ငံတကာက ဆော်သြခဲ့ရပါတယ်။  နှစ်ဖက်စလုံးက ကိုယ်စားလှယ်တွေ ဒီလအစောပိုင်းမှာ တွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒုတိယကျော့ ပထမပိုင်းကို ကျင်းပခဲ့ပါတယ်။  ဒီအစည်းအဝေးကနေ အပစ်အခတ် ရပ်စဲရေးနဲ့ အာဏာခွဲဝေရေး ဆွေးနွေးကြမယ်လို့ ထင်ကြေးပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up