A d v e r t i s e m e n t With Us

ကမ္ဘာ့ကပ်ရောဂါကူးစက်မှု တတိယအများဆုံး ဘရာဇီးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး စဖြန့်

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို ကမ္ဘာ့တတိယမြောက် အဆိုးဆုံး ကူးစက်ခံနေရတဲ့ ဘရာဇီးနိုင်ငံမှာ ဇန်နဝါရီ ၂၃ ရက်ကစပြီး ကာကွယ်ဆေးတွေ ဖြန့်ဖြူးပေးနေပါတယ်။ AstraZeneca ပြည်သူ့ကော်ပိုရေးရှင်းထုတ် အသင့်သုံး ကာကွယ်ဆေးထိုးဆေး အလုံးရေ ၂ သန်းဟာ အိန္ဒိယနိုင်ငံကနေ ဘရာဇီးကို ဇန်နဝါရီ ၂၂ ရက်မှာ ရောက်လာခဲ့တာပါ။ ဘရာဇီးအစိုးရဟာ ရီယိုဒီ ဂျနေရိုအခြေစိုက် Fiocruz အဖွဲ့အစည်းနဲ့ AstraZeneca တို့ ပူးပေါင်းပြီး ပြည်တွင်းမှာ ကာကွယ်ဆေးထိုးဆေးလုံးရေ သန်း ၁၀၀ ထုတ်ဖို့ သဘောတူ ထားပေမယ့် ဆေးထုတ်ရာမှာ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ တရုတ်နိုင်ငံကနေ မှာယူထားတာ မရသေးဘဲ နှောင့်နှေးနေပါတယ်။ ဒါကြောင့် AstraZeneca က အိန္ဒိယမှာ ထုတ်ထားတဲ့ အသင့်သုံး ထိုးဆေး လုံးရေ  ၂ သန်းကို ပံ့ပိုးပေးဖို့ ဘရာဇီး အစိုးရကို သဘောတူခဲ့ပါတယ်။ အဲဒီနောက် ဘရာဇီး သမ္မတက အိန္ဒိယ ဝန်ကြီးချုပ်ဆီ စာတစောင် ပေးပို့တာ အပါအဝင် အကြီးစား သံခင်းတမန်ခင်း အားထုတ်မှုတွေအပြီး ကာကွယ်ဆေးတွေ ဘရာဇီးကို ရောက်လာခဲ့တာပါ။ ဘရာဇီးဟာ တရုတ်အခြေစိုက် စီနိုဗက် ဘိုင်အိုတက်ခ် လိမိတဒ်က တီထွင်ပြီး ဘရာဇီးနိုင်ငံ ဆောင်ပါလိုမြို့ ဘူတန်တန် အဖွဲ့အစည်းနဲ့အတူ ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို မှီခိုနေလို့ အရင်က အဝေဖန်ခံခဲ့ရပြီးပါပြီ။ နိုင်ငံအတွင်း ကူးစက်မှု ဒုတိယလှိုင်းဒဏ် အလူးအလဲ ခံနေရချိန်မှာ တရုတ်က တင်ပို့မှု နှောင့်နှေးပြီး ကာကွယ်ဆေးမရှိတဲ့အတွက် ဒိလုပ်ငန်းစဉ်ကို ကိုင်တွယ်ရတဲ့ လက်ယာစွန်း စစ်အရာရှိဟောင်း သမ္မတဟာ ဖိအားတွေ တိုးလာတာကို ရင်ဆိုင်ခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up