အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း အီလွိုက်စ် မိုဇမ်ဘစ်နိုင်ငံကို ဝင်ရောက်

207
အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း အီလွိုက်စ်ဟာ မိုဇမ်ဘစ်နိုင်ငံ အရှေ့ပိုင်းကနေ ဇန်နဝါရီ ၂၃ ရက်မှာ ကုန်းတွင်း ဝင်ရောက်ခဲ့ပါတယ်။
ဒါကြောင့် အာဖရိက အရှေ့တောင်ဘက်မှာ ရာသီဥတု ဆိုးရွားမယ့်ဘေးကို ရင်ဆိုင်နေရ ပါတယ်။
ဘေးရာမြို့ အနောက်တောင်ဘက် မိုင် ၆၀ အကွာကို မုန်တိုင်းဟာ ၁ နာရီ မိုင် ၆၀ လေတိုက်နှုန်း ဝင်ရောက်တိုက်ခတ်ခဲ့တာပါ။
“မုန်တိုင်းမှာ အနောက်တောင်ဘက်ကို ဆက်လက်ရွေ့လျားပြီး အားပျော့သွားမယ်၊ အဲဒီနောက် ဇင်ဘာဘွေနိုင်ငံ တောင်ပိုင်းမှာ ဇန်နဝါရီ ၂၄ ရက် ဝင်ရောက်တိုက်ခတ်မယ်” လို့ မိုးလေဝသ ခန့်မှန်းထားပါတယ်။
မုန်တိုင်း လမ်းကြောင်းနဲ့ ပြင်းအားကတော့ လာမယ့်ရက်တွေအတွင်း အပြောင်းအလဲ ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၂၃ မှာ မုန်တိုင်းအန္တရာယ် သတိပေးချက်ကို အဆင့် ၄ အဝါရောင် အဆင့် သတ်မှတ်ထားပြီး ဇန်နဝါရီ ၂၅ မှာတော့ အဆင့် ၉ ဖြစ်တဲ့ လိမ်မော်ရောင်အဆင့် သတိပေးချက်ကို တောင်အာဖရိက မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
၂၄ နာရီအတွင်း မိုးရေချိန် ၇.၈၇ လက်မထိ ရွာနိုင်တယ်လို့ မိုဇမ်ဘစ် အမျိုးသား မိုးလေဝသ ဌာနက ပြောပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က အိုင်ဒဲမုန်တိုင်း တိုက်ခတ်ခဲ့တဲ့ ချိန်မှာ မိုဇမ်ဘစ်၊ မာလာဝီနဲ့ ဇင်ဘာဘွေ နိုင်ငံတွေတလွှား လူအယောက် ၁ ထောင်ကျော် သေဆုံးပြီး ကောက်ပဲသီးနှံတွေ ပျက်စီးခဲ့သလိုမျိုး ထပ်ဖြစ်မှာကို စိုးရိမ်ပူပန်နေကြပါတယ်။