Home
မြန်မာသတင်း
မကွေးတိုင်းတွင် စီးပွားဖြစ် ဝါးအလုံးရေ ၁၄ သန်းခွဲကျော် ထုတ်လုပ်ခွင့်ပြုမည်
DVB
·
January 24, 2021
မကွေးတိုင်းဒေသကြီးမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း စီးပွားဖြစ်အနေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ဝါးအလုံးရေ ၁၄ သန်းခွဲကျော် (၁၄,၅၈၀,၀၀၀) ထုတ်လုပ်ခွင့်ပြုမယ်လို့ တိုင်းဒေသကြီး သစ်တောဦးစီးဌာနကနေ သိရပါတယ်။ မကွေးတိုင်းအတွင်းက ခရိုင် ၅ ခရိုင်မှာ ဝါးအလုံးရေ ၁၄,၅၈၀,၀၀၀ ထုပ်လုပ်ခွင့်ပြုထားပြီး မြို့နယ်အလိုက် လျှောက်ထားတဲ့အပေါ်မူတည်ပြီး ဝါးထုတ်လုပ်တဲ့ နေရာတစ်ခုကို ၃ နှစ်ကို တစ်ကြိမ် ခွင့်ပြုပေးတာလို့ မကွေးတိုင်း သစ်တောဦးစီးဌာန ညွှန်​ကြားရေးမှူး ဦးဌေးမောင်က ပြောပါတယ်။ သစ်တောကြိုးဝိုင်းကြိုးပြင်ကာကွယ်တောတွေမှာ ဝါးပြုန်းတီးမှုမဖြစ်အောင် ဝါးအရေးအတွက် တစ်သိန်းထုတ်ပြီးတိုင်း တစ်ဧကနှုန်း ပြန်လည်အစားထိုး စိုက်ပျိုးပေးရပြီး ဝါးပျိုးပင်တွေကိုလည်း အခမဲ့ဖြန့်ဝေနိုင်အောင် ပျိုးထောင်ပေးထားတယ်လို့ ဆိုပါတယ်။ ဝါးထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေကို သယ်ယူခွင့်အနေနဲ့ ဝါးလုံး အကြီးအသေးအပေါ်မူတည်ပြီးတော့ ဝါးတစ်လုံးကို ၅ ကျပ်ကနေ ၁၀၀ ကျပ်အထိ နိုင်ငံတော်အတွက် အခွန်ငွေ ကောက်ခံတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ လုပ်ငန်းရှင် ၇၀ ဦးက ဝါး ၈၆ ဧက ကျော် နဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ဝါးလုပ်ငန်းရှင် ၁၄၉ ဦးက ဧက ၁၆၀ ကျော်အစားထိုးစိုက်ပျိုးပေးခဲ့ပြီး ဝါးအစားထိုးစိုက်ပျိုးမှု လျာထားချက်ပြည့်မီအောင် လုပ်ဆောင်နေတယ်လို့ တိုင်းဒေသကြီး သစ်တောဦးစီးဌာနကနေ သိရပါတယ်။ မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024