Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၅၀၇ ဦး၊ သေဆုံးသူ ၁၄ ဦးထပ်တိုး  
DVB
·
January 23, 2021
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၅၀၇ ယောက်နဲ့ သေဆုံးသူ ၁၄ ယောက် ထပ်တိုးလာတယ်လို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ညထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူ ၁၄ ယောက်အနက် ၁၀ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဇန်နဝါရီ ၂၂ ရက် ည ၈ နာရီမှ ဇန်နဝါရီ ၂၃ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၀,၃၉၇ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၅၀၇ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။ လူနာသစ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ  အယောက် ၅၈၁ ရှိပြီး ပြည်သူ့ဆေးရုံတွေက ၄၆၅ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၁၁၆ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၆၂၅ ယောက်ကို နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၂၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၃၇,၀၉၈  ယောက်၊ သေဆုံးသူ ၃,၀၄၅ ယောက် ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၂၁,၁၂၄ ယောက်  ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၉၈ ဒသမ ၈ သန်းကျော်၊ သေဆုံးသူ ၂ ဒသမ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၇၁ သန်းကျော်ရှိတယ်လို့ သိရပါတယ်။ ပုံစာ - ရန်ကုန်တိုင်း၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (သုဝဏ္ဏ) အထူး ကြပ်မတ်ကုသဆောင်(ICU)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024