အမေရိကန်လွှတ်တော်လုံခြုံရေးအစောင့်တပ်ဖွဲ့ကို သမ္မတကတော် ကွတ်ကီးလက်ဆောင်ပေး

အမေရိကန်ကွန်ဂရက်အဆောက်အအုံရဲ့ လုံခြုံရေးတာဝန်ယူခဲ့ကြတဲ့ အမျိုးသားအစောင့် တပ်ဖွဲ့ဝင်တွေကို သမ္မတကတော် ဂျေလ်ဘိုင်ဒင်က ဇန်နဝါရီ ၂၂ ရက်မှာ ကွတ်ကီး လက်ဆောင်ပေးပြီး ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။  သမ္မတကတော်က ဘိုင်ဒင်မိသားစုဟာ အမျိုးသားအစောင့်တပ်မိသားစု ဖြစ်တယ်လို့ ပြောဆိုပြီး  ကွယ်လွန်သွားခဲ့တဲ့ ဘိုင်ဒင်ရဲ့သား ဘိုးဘိုင်ဒန်အကြောင်း ပြောပြခဲ့ပါတယ်။  ဘိုးဘိုင်ဒင်ဟာ ဘိုင်ဒင်နဲ့ ပထမဇနီးတို့ ရခဲ့တဲ့ သားကြီးဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။  အဲဒီနောက် သမ္မတကတော်ဟာ LGBTQ အသိုက်အဝန်းတွေကို ကုသပေးတဲ့ သမိုင်း နောက်ခံရှိတဲ့  ဝါရှင်တန်ဒီစီက ဝှစ်မန်းဝေါ်ကာဆေးရုံကို သွားရောက်ခဲ့ပါတယ်။  အမေရိကန်သမ္မတကတော် ဂျေလ်ဘိုင်ဒင်ဟာ ကျောင်းဆရာမ တစ်ဦးဖြစ်ပြီး ၁၉၇၇ ခုနှစ်မှာ ဂျိုးဘိုင်ဒင်နဲ့ လက်ထပ်ခဲ့တယ်လို့ ဝက်ဘ်ဆိုက်သတင်းတွေအရ သိရပါတယ်။

//
More News
Up