မိုချန်ဂလာဘက်ကို ၄ ဂိုး ၂ ဂိုးဖြင့် ဒေါ့မွန်ရှုံးနိမ့်၊ ၂ ပွဲဆက်တိုက် ရှုံးပွဲတွေ့

236
မနေ့က ကစားသွားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပထမဆုံးပွဲစဉ်မှာ ဒေါ့မွန်အသင်းက မိုချန်ဂလာဘက်ကို ၄ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ကြားရက်မှာ လီဗာကူဆင်ကို ၂ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဒေါ့မွန်အသင်းဟာ ဂလာဘက်ကိုလည်း ဆက်ပြီး အရှုံးပေးခဲ့ရတာပါ။
ပွဲချိန် ၁၁ မိနစ်မှာ အယ်လ်ဗက်ဒီက ဦးဆောင်ဂိုး စသွင်းခဲ့ပြီး ဟာလန်းက ၂၂ မိနစ်နဲ့ ၂၈ မိနစ်တွေမှာ ၂ ဂိုးဆက်သွင်းပြီး ဦးဆောင်ခဲ့ပါသေးတယ်။
ဒါပေမဲ့ အယ်လ်ဗက်ဒီကပဲ ၄ မိနစ်အကြာမှာ ချေပဂိုးပြန်သွင်းခဲ့ပါတယ်။
ပွဲချိန် ၄၀ မိနစ်နဲ့ ၇၈ မိနစ်တွေမှာ ဘင်ဆက်ဘိုင်နီနဲ့ သူယမ်တို့က ဂလာဘက်အတွက် အနိုင်ဂိုး ၂ ဂိုး ထပ်သွင်းသွားခဲ့တာဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် ဂလာဘက်က အဆင့် ၄ နေရာဆီ တက်လှမ်းနိုင်ခဲ့ပြီး ဒေါ့မွန်အသင်းက အဆင့် ၅ နေရာ ကျဆင်းသွားခဲ့ပါတယ်။
ဒေါ့မွန်အသင်းဟာ ထိပ်ဆုံးက ဘိုင်ယန်ထက် တစ်ပွဲ ပိုကစားထားပေမဲ့ ၁၀ မှတ်အထိ ကွာဟသွားခဲ့ရပြီဖြစ်ပါတယ်။