ပုဏ္ဏားကျွန်းမြို့ စက်မှုဇုန်ကွင်း စစ်ဘေးရှောင်စခန်း အကူအညီလိုအပ်နေ (ဓာတ်ပုံ)
Photo - Kaung Mrat Naing / MPA
Published By
DVB | 23 January, 2021
244
0
Share
0
Comment
0
Likes
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စက်မှုဇုန်ကွင်း စစ်ဘေးရှောင်စခန်းမှာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
စခန်းတာဝန်ခံက “အစိုးရထောက်ပံ့ပေးတာတွေက အချိန်ပုံမှန်မရှိတော့ စာနပ်ရိက္ခာတွေပဲ အဓိကလိုအပ်ပါတယ်။ ဆန်း၊ ဆီ၊ ဆား၊ ဟင်း သီးဟင်ရွက်တွေပါ” လို့ ပြောပါတယ်။
အဲဒီစခန်းမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မီးလက်ဝနဲ့ နှမဒါကျေးရွာ၊ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်၊ သာစည်၊ ပိန္နဲတောနဲ့ ဒိုးတန်းကျေးရွာတွေက အိမ်ထောင်စုတွေ စစ်ဘေးရှောင်ခိုလှုံနေကြတာဖြစ်ပါတယ်။
စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ''ဒီမှာက သောက်သုံးရေတွေလည်း အခက်အခဲဖြစ်နေပါပြီ။ နောက်တစ်ခုက ကိုယ့်ဝန်ဆောင်အမျိုးသမီးတွေ ဆေးရုံသွားပြဖို့ ငွေကြေးအခက်အခဲတွေလည်း ရှိနေပါတယ်။ ကလေးတွေအတွက် လိုအပ်ချက်တွေကလည်း အများကြီးပါ” လို့ ပြောပါတယ်။
အဲဒီစခန်းကို ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန်တက္ကသိုလ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က အမျိုးသမီးလစဥ်သုံးပစ္စည်းတွေနဲ့ အနွေးထည်းတွေ သွားရောက်လှူဒါန်းခဲ့ကြတယ်လို သိရပါတယ်။
Photo - Kaung Mrat Naing / MPA