Home
သတင်းဓာတ်ပုံ
ကမာအောင်စက်တပ်သမ္ဗာန်အဖွဲ့၏ စုကြေးငွေရှင်းတမ်း အမြန်ဖြေရှင်းပေးရန် ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
January 23, 2021

ကမာအောင် စက်တပ်သမ္ဗာန်အဖွဲ့ရဲ့ စုကြေးငွေရှင်းတမ်းတွေကို အမြန်ဖြေရှင်းပေးဖို့ ဇန်နဝါရီ ၂၂ ရက်နေ့က ဒလဘက်ကမ်းမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ 

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ နန်းသီတာဆိပ်ကမ်းနဲ့ ဒလမြို့နယ်အတွင်း သဲကုန်း ဆိပ်၊ ဈေးဆိပ်၊ ၂၅ သမ္ဗာန်ဆိပ်တွေကို ပြေးဆွဲနေတဲ့ ကမာအောင်စက်တပ်သမ္ဗာန်လှေအသင်းရဲ့ အသင်းသားတွေက ၁၁ နှစ်ကြာ စုကြေးငွေစာရင်းရှင်းတမ်းတွေ အမြန်ဆုံးထုတ်ပြန်ပေးဖို့ အပါအဝင် အချက်သုံးချက်ကို တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြရာမှာပါဝင်တဲ့ ‌ ဦးချစ်ကိုကိုက “၂၀၀၉ ခုနှစ်ကတည်းက အသင်းသားတွေဆီက နေ့စဉ် သမ္ဗာန်တစ်စီးကို သာရေး၊ နာရေး သက်သာချောင်ချိရေးအဖြစ် တစ်နေ့ကို ၂၀၀ ကျပ်နဲ့ ဂိတ်ကြေးအဖြစ် ၁၂၀၀ ကျပ် အားလုံး တစ်နေ့ကို ၁၄၀၀ ကျပ် အသင်းကို ပေးသွင်းရတာရှိတယ်။ ဆိုင်ကယ်စက်ဘီး အပ်နှံခတွေရှိတယ်။ ဒီငွေစာရင်းရှင်းတမ်းတွေကို အသင်းသားတွေ သိရှိမြင်သာအောင် ရှင်းလင်းပေးခြင်းလည်း တစ်ခါမှမရှိခဲ့ဘူး။ ဒီငွေတွေကို ၁၀ နှစ်ကျော် စုဆောင်းလာခဲ့ပေမယ့် ငွေစာရင်းရှင်းတမ်းဆိုတာရှိဘူး။ ဒါတွေကိုတော့ သေချာရှင်းပေးစေချင်ပါတယ်” လို့ ပြောပါတယ်။ ကိုဗစ်ကာလ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရခြင်းသည့်အတွက် အသင်းဥက္ကဋ္ဌအနေနဲ့ ပုံမှန်စုဆောင်းထားတဲ့ စုကြေးငွေတွေထဲကနေ ကူညီထောက်ပံ့ပေးဖို့နဲ့ ငွေစာရင်းရှင်တမ်းတွေ အမြန်ဆုံး ဖြေရှင်းပေးဖို့ စက်တပ်သမ္ဗာန်သမားတွေက တောင်းဆိုခဲ့ကြပါတယ်။ ရန်ကုန်ဘက်ခြမ်းနဲ့ ဒလမြို့နယ်ကို ပြေးဆွဲပေးနေတဲ့ စက်တပ် သမ္ဗာန်ဆိပ်ပေါင်း ၁၁ ဆိပ်ရှိပြီး ကမာအောင် စက်တပ်သမ္ဗာန်ဆိပ်မှာ အစီးရေ ၁၈၀ ကျော်ရှိ‌တယ်လို့ သိရပါတယ်။

Photo - Ko Ye / MPA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024