ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အသေအပျောက်များနိုင်ဟု ဗြိတိန်ဝန်ကြီးချုပ် သတိပေး

290
ဗြိတိန်မှာတွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲဟာ အသေအပျောက်များနိုင်တယ်ဆိုပြီး ကနဦး အထောက်အထားတွေက ဖော်ပြတယ်လို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။
ဒါပေမဲ့ ကိန်းဂဏန်းတွေနဲ့ပတ်သက်လို့ မရေရာမှုတွေ ကြီးကြီးမားမား ရှိနေဆဲဖြစ်ပြီး ကာကွယ်ဆေးတွေဟာ ဗိုင်းရပ်စ်မျိုးကွဲအပေါ် ကာကွယ်နိုင်စွမ်းရှိမယ် မျှော်လင့်ရပါတယ်။
ဒီကိန်းဂဏန်းဟာ ဗိုင်းရပ်စ်အဟောင်း ဒါမှမဟုတ် ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူတွေရဲ့ သေဆုံးနှုန်းတွေကို သင်္ချာပညာရှင်တွေ နှိုင်းယှဉ်ရာကနေ ထွက်ပေါ်လာတာပါ။
ပိုမိုကူးစက်တဲ့ ဗိုင်းရပ်စ်သစ်ဟာ ဗြိတိန်တလွှားမှာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နေပြီ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၂ ရက်က ဒေါင်းနင်းလမ်းနေအိမ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီးချုပ် ဂျွန်ဆင်က "ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ ပိုမိုကူးစက်လွယ်တာအပြင် အခုဆိုရင် သေဆုံးနှုန်း မြင့်မားတာနဲ့ ဆက်နွယ်နိုင်တယ်ဆိုတဲ့ အထောက်အထားရှိနေတယ်" လို့ ပြောဆို ပါတယ်။
အဲဒီအထောက်အထားကို အသက်ရှူလမ်းကြောင်းဗိုင်းရပ်စ်သစ် ခြိမ်းခြောက်မှုဆိုင်ရာ အကြံပေးအဖွဲ့ (Nervtag) က သိပ္ပံပညာရှင်တွေ ဖော်ထုတ်ထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကံသေကံမ ပြောဆိုဖို့က လိုသေးတယ်လို့လည်း ဘီဘီစီက တင်ပြပါတယ်။