Home
သတင်းတို
မြန်မာနိုင်ငံတွင် အမျိုးသမီးများဖိုရမ် ပထမဆုံးအကြိမ် ကျင်းပမည်
DVB
·
September 19, 2013
ပြည်ပအခြေစိုက်အမျိုးသမီးအဖွဲ့တွေ မြန်မာနိုင်ငံတွင်းမှာ ပထမဆုံးအကြိမ် အမျိုးသမီးများ ဖိုရမ်တခု ကျင်းပဖို့ စီစဉ်နေပါတယ်။ ဒီအစီစဉ်ကို ပြည်အခြစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နဲ့ မြန်မာအမျိုးသမီးများအဖွဲ့ကွန်ရက်တို့ ပူးတွဲလုပ်ဆောင်မှာဖြစ်ပြီး ပြည်တွင်းနဲ့နယ်စပ် အခြေစိုက် အမျိုးသမီးများ အဖွဲ့တွေနဲ့ အထင်ကရအမျိုးသမီးခေါင်းဆောင်တွေအကြား ရင်းနှီးမှုနဲ့ ယုံကြည်မှုတည်ဆောင်နိုင်ဖို့ ရည်ရွယ်ပြုလုပ်တာလို့ သူတို့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာအမျိုးသမီးများ ဖိုရမ်ကို စက်တင်ဘာလ ၂၀ ကနေ ၂၂ ရက်နေ့အထိ ကျင်းပသွားမယ်လို့ ဆိုပါတယ်။ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဟာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ခ်ျ၊ ထိုင်းနယ်စပ် တိုင်းရင်းသားအမျိုးသမီးအဖွဲ့ ၁၂ ဖွဲ့နဲ့ ၁၉၉၉ ခုက ဖွဲ့စည်းတာဖြစ်ပြီး လက်ရှိ အဖွဲ့ဝင် ၁၃ ဖွဲ့ရှိပါတယ်။ မြန်မာနိုင်ငံအမျိုးသမီးများကွန်ရက်ကတော့ အဖွဲ့အစည်း ၃၀ ပါတဲ့ ကွန်ရက်ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024